ကိုယ်တော်သည် သင်၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သင်၏အကြံဉာဏ်ရှိသမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
သူကြီး 13:23 - မြန်မာ့စံမီသမ္မာကျမ်း သူ့မယားကလည်း “ထာဝရဘုရားသည် ငါတို့ကို သေစေလိုလျှင် ငါတို့ပူဇော်သော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူမည်မဟုတ်။ ငါတို့အား ဤအဖြစ်အပျက်များကို ပြတော်မူမည်မဟုတ်၊ ယခုကဲ့သို့ ငါတို့ကို စကားပြောတော်မူမည်မဟုတ်”ဟု ပြန်ပြောလေ၏။ Common Language Bible သို့ရာတွင်ဇနီးဖြစ်သူက``အကယ်၍ထာဝရ ဘုရားသည်ငါတို့ကိုသေစေလိုသည်ဆိုပါမူ ငါတို့၏ပူဇော်သကာများကိုလက်ခံတော်မူ မည်မဟုတ်။ ဤသို့သောစကားတို့ကိုလည်းဤ အချိန်အခါ၌မိန့်တော်မူမည်မဟုတ်'' ဟု ပြန်ပြောလေသည်။ Garrad Bible မိန်း မ က၊ အ ကယ်၍ ထာ ဝ ရ ဘု ရား သည် သေ စေ တော် မူ လို လျှင် ကျွန် မ တို့ လက် တွင်း မှ မီး ရှို့ ရာ သ က္ကာ နှင့် ဘော ဇဉ် သ က္ကာ များ ကို ခံ ယူ မည် မ ဟုတ် သည့် ပြင် ဤ အ ချိန် အ ခါ တွင် ထို သို့ သော အ ကြောင်း အ ရာ အ ကုန် အ စင် ကို ဖော် ပြ ကြား ပြော တော် မူ မည် မ ဟုတ် ဟု ပြန် ဆို လေ ၏။ Judson Bible မယားက၊ ထာဝရဘုရားသည် ငါတို့ကိုသတ်ခြင်းငှာ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော၏။ |
ကိုယ်တော်သည် သင်၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သင်၏အကြံဉာဏ်ရှိသမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
အကယ်စင်စစ် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ကောင်းမြတ်ခြင်းကို တွေ့မြင်ရမည်ဟု ငါယုံကြည်စိတ်ချ၏။
အကျွန်ုပ်ကိုမုန်းသောသူတို့သည် မြင်၍ အရှက်ကွဲကြမည့်အကြောင်း ကောင်းမြတ်တော်မူခြင်း၏အမှတ်လက္ခဏာကို အကျွန်ုပ်အားပြတော်မူပါ။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကူညီမစ၍ အကျွန်ုပ်ကို နှစ်သိမ့်ပေးတော်မူပြီဖြစ်၏။
အကြောင်းမူကား သွေဖည်လွဲမှားသောသူတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့နှင့်ကား ရင်းနှီးကျွမ်းဝင်တော်မူ၏။
ထိုနေ့တွင် ငါ့ခမည်းတော်၌ ငါရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိ၍ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။
ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။
ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။
မျက်စိက လက်အား “သင့်ကို ငါအလိုမရှိ”ဟု ပြော၍မရသကဲ့သို့ ဦးခေါင်းကလည်း ခြေတို့အား “သင်တို့ကို ငါအလိုမရှိ”ဟု ပြော၍မရပေ။
ထို့နောက်မှ မာနော်၏မယားသည် သားယောက်ျားကို မွေးဖွား၍ သူ့ကို ရှံဆုန်ဟုအမည်မှည့်ခေါ်၏။ သူငယ်သည် ကြီးပြင်းလာ၏။ ထာဝရဘုရားသည်လည်း သူ့ကို ကောင်းချီးပေးတော်မူ၏။