ထာဝရဘုရား၏ကောင်းကင်တမန်သည် မာနော်နှင့် သူ့မယားအား နောက်တစ်ဖန် ကိုယ်ထင်ရှားမပြတော့ချေ။ မာနော်သည်လည်း ထိုသူမှာ ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်း သိလေ၏။
ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည် မာ နော် ဇ နီး ခင် ပွန်း တို့ အား တစ် ဖန် မ ထင် ရှား ချေ။ ထို အ ခါ စေ တ မန် တော် ဖြစ် ကြောင်း မာ နော် သိ မြင် သ ဖြင့်
ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တစ်ဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း မာနော်အား “သင် ငါ့ကိုတားထားသော်လည်း သင်ကျွေးသောအစာကို ငါစားမည်မဟုတ်။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင်မူကား ထာဝရဘုရားထံ ပူဇော်ရမည်”ဟု ဆို၏။ ထိုသူသည် ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို မာနော် မသိချေ။
ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို ဂိဒေါင် သိမြင်သောအခါ “အလို အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင် တွေ့ပါသည်တကား”ဟု ဂိဒေါင်ဆိုလေ၏။