ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။
သူကြီး 13:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မာနော်က ထာဝရဘုရား၏ကောင်းကင်တမန်အား “သင်ပြောသည့်အတိုင်း ဖြစ်လာသောအခါ သင့်ကို ချီးမွမ်းထောမနာပြုရမည့်အကြောင်း သင်၏အမည်ကို သိပါရစေ”ဟု လျှောက်ဆို၏။ Common Language Bible မာနော်ကလည်းသင်၏နာမည်ကိုအကျွန်ုပ် သိပါရစေ။ သို့မှသာလျှင်သင်ပြောဆိုသည့် စကားများမှန်ကန်လာသောအခါ သင့်အား အကျွန်ုပ်တို့ဂုဏ်ပြုနိုင်ပါလိမ့်မည်'' ဟုပြန် ပြော၏။ Garrad Bible မာ နော် က လည်း အ ရှင့် စ ကား အ တိုင်း တည် ခဲ့ သော် ထော မ နာ ပြု ရ စေ ရန်၊ အ ရှင့် အ မည် မှာ မည် သို့ ခေါ် ဝေါ် ပါ သ နည်း ဟု မေး ပြန် လျှင်၊ Judson Bible မာနော်ကလည်း ကိုယ်တော်စကားပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းရမည်အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ ကောင်းကင်တမန်အားမေးသော်၊ |
ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။
ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
ထာဝရဘုရား၏ကောင်းကင်တမန်က သူ့အား “အဘယ်ကြောင့် ငါ့အမည်ကို မေးသနည်း။ ငါ့အမည်သည် အလွန်အံ့ဩဖွယ်ကောင်း၏”ဟု ပြန်ပြော၏။