သူကြီး 12:13 - မြန်မာ့စံမီသမ္မာကျမ်း ဧလုန်သေဆုံးပြီးနောက်တွင် ပိရသုန်မြို့သား၊ ဟိလေလ၏သား အာဗဒုန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။ Common Language Bible ဧလုန်ကွယ်လွန်ပြီးနောက်ပိရသုန်မြို့နေဟိ လေလ၏သားအာဗဒုန်သည် ဣသရေလ လူမျိုးကိုခေါင်းဆောင်ရ၏။- Garrad Bible ဧ လုန့် နောက်၊ ပိ ရ သုန် မြို့ နေ ဟိ လေ လ သား အာ ဗ ဒုန် သည် ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး စီ ရင်၏။ Judson Bible ဧလုန်နောက်မှ ပိရသုန်မြို့နေ ဟိလေလ၏သား အာဗဒုန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။ |
ထို့နောက် ဇာဗုလုန်အမျိုးဧလုန် သေဆုံး၍ သူ့ကို ဇာဗုလုန်နယ်မြေရှိ အာယလုန်မြို့တွင် သင်္ဂြိုဟ်ကြ၏။
ထိုသူ၌ မြည်းအကောင်ခုနစ်ဆယ်ကို ကိုယ်စီစီးခွင့်ရှိသော သားအယောက်လေးဆယ်၊ မြေးအယောက်သုံးဆယ် ရှိ၏။ သူသည် အစ္စရေးလူမျိုးတို့ကို ရှစ်နှစ်စီရင်အုပ်ချုပ်၏။
ထို့နောက် ပိရသုန်မြို့သား၊ ဟိလေလ၏သား အာဗဒုန်သည် သေဆုံး၍ သူ့ကို ဧဖရိမ်နယ်မြေ၊ အာမလက်တောင်ပေါ်ဒေသရှိ ပိရသုန်မြို့တွင် သင်္ဂြိုဟ်ကြ၏။