အာယလုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ ဖြစ်၏။
သူကြီး 12:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဇာဗုလုန်အမျိုးဧလုန် သေဆုံး၍ သူ့ကို ဇာဗုလုန်နယ်မြေရှိ အာယလုန်မြို့တွင် သင်္ဂြိုဟ်ကြ၏။ Common Language Bible ထိုနောက်သူသည်ကွယ်လွန်သော်သူ၏ရုပ် အလောင်းကို ဇာဗုလုန်နယ်မြေရှိအာဇလုန် မြို့၌သင်္ဂြိုဟ်ကြလေသည်။- Garrad Bible ကွယ် လွန် သော် ဇာ ဗု လုန် နယ်၊ အာ ယ လုန် မြို့ တွင် သင်္ဂြိုဟ် ခြင်း ခံ လေ ၏။ Judson Bible ထိုမင်းသေ၍ ဇာဗုလုန်ခရိုင်၊ အာဇလုန်မြို့၌ သင်္ဂြိုဟ်လေ၏။ |
အာယလုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ ဖြစ်၏။
ဗေရိယနှင့် ရှေမာသည် ဂါသမြို့သားတို့ကို နှင်ထုတ်ခဲ့သော အာယလုန်မြို့သားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။
အာမောရိလူမျိုးတို့ကို အစ္စရေးအမျိုးသားတို့လက်သို့ ထာဝရဘုရားအပ်တော်မူသောနေ့၌ ယောရှုသည် ထာဝရဘုရားထံ ဆုတောင်းပြီးလျှင် အစ္စရေးအမျိုးသားတို့၏ရှေ့မှောက်တွင် “အို နေ၊ ဂိဗောင်မြို့ပေါ် တန့်နေလော့။ အို လ၊ အာယလုန်ချိုင့်ဝှမ်းပေါ် တန့်နေလော့”ဟု ဆို၏။
ဣဗဇန်သေဆုံးပြီးနောက် ဇာဗုလုန်အမျိုး ဧလုန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။ သူသည် အစ္စရေးလူမျိုးတို့ကို ဆယ်နှစ်စီရင်အုပ်ချုပ်၏။
ဧလုန်သေဆုံးပြီးနောက်တွင် ပိရသုန်မြို့သား၊ ဟိလေလ၏သား အာဗဒုန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။