ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
သူကြီး 11:40 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့မှစ၍ အစ္စရေးသမီးပျိုတို့သည် ဂိလဒ်အမျိုးသား၊ ယေဖသ၏သမီးအတွက် တစ်နှစ်လျှင်လေးရက် နှစ်စဉ်သတိရအောက်မေ့လေ့ရှိကြ၏။ Common Language Bible ဣသရေလပြည်ဂိလဒ်မြို့သားယေဖသ ၏သမီးအတွက်နှစ်စဉ်နှစ်တိုင်းလေးရက်မျှ ဣသရေလအမျိုးသမီးတို့သည်ထွက်၍ ငိုကြွေးမြည်တမ်းကြသည့်ဋ္ဌလေ့ထုံးစံရှိ သတည်း။ Judson Bible ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည်၊ ဂိလဒ်အမျိုးသား ယေဖသ၏သမီးကြောင့် တစ်နှစ်တစ်နှစ်လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းငှာသွားရသော ဣသရေလထုံးစံဓလေ့ဖြစ်လေ၏။ |
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
ဂျူးလူမျိုးတို့ကိုယ်တိုင်မှစ၍ သားစဉ်မြေးဆက်အပါအဝင် သူတို့နှင့်ပူးပေါင်းလာသူအပေါင်းတို့သည် ထိုစာပါသတ်မှတ်ထားသောအချိန်ရောက်တိုင်း ထိုနေ့ရက်နှစ်ရက်တွင် ပွဲတော်ကို မပျက်မကွက် နှစ်စဉ်ကျင်းပကြမည်ဟု အတည်ပြုသဘောတူခဲ့ကြ၏။
နှစ်လပြည့်သောအခါ သူသည် ဖခင်ထံပြန်လာ၏။ ဖခင်သည်လည်း မိမိကတိသစ္စာပြုသည့်အတိုင်း သမီး၌ ပြုလေ၏။ သူသည် ယောက်ျားနှင့်မဆက်ဆံဖူးသောအပျိုစင်ဖြစ်၏။ ဤသို့ဖြင့် အစ္စရေးလူမျိုးတို့တွင် ဓလေ့တစ်ခုဖြစ်လာလေ၏။
ဧဖရိမ်အမျိုးသားတို့သည် ဇာဖုန်မြို့သို့ စုရုံးချီတက်လာပြီး ယေဖသအား “သင်သည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်သောအခါ ငါတို့ကို အဘယ်ကြောင့်မခေါ်သနည်း။ ယခု သင်နှင့်သင့်အိမ်ကို မီးရှို့ပစ်မည်”ဟု ပြောကြ၏။
ရေတွင်းနားတွင် သီချင်းဆိုသူတို့က ထာဝရဘုရားသည်ဖြောင့်မတ်သောအမှုကို ပြုတော်မူကြောင်း၊ အစ္စရေးတောသူတောင်သားတို့အား ဖြောင့်မတ်စွာပြုတော်မူကြောင်းကို သီဆိုကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့တံခါးသို့ ပြန်လာကြလိမ့်မည်။