ထိုအခါ အမ္မုန်အမျိုးသားတို့သည် ဂိလဒ်ပြည်တွင် စုရုံးစခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့တွင် စုရုံးစခန်းချကြ၏။
သူကြီး 11:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဖြစ်ပျက်ပြီးနောက်တွင် အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လာကြ၏။ Common Language Bible ထိုနောက်ကာလအနည်းငယ်ကြာသောအခါ အမ္မုန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့နှင့်စစ်ဖြစ်ကြ၏။- Garrad Bible ဣ သ ရေ လ လူ မျိုး နှင့် စစ် ပြိုင် ကြ၏။ Judson Bible နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။ |
ထိုအခါ အမ္မုန်အမျိုးသားတို့သည် ဂိလဒ်ပြည်တွင် စုရုံးစခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့တွင် စုရုံးစခန်းချကြ၏။
ဂိလဒ်ပြည်သားအကြီးအကဲတို့က “အမ္မုန်အမျိုးသားတို့ကို မည်သူဦးဆောင်တိုက်ခိုက်မည်နည်း။ ထိုသူကို ဂိလဒ်ပြည်၏ခေါင်းဆောင်ဖြစ်စေမည်”ဟု အချင်းချင်းပြောဆိုကြ၏။
အမ္မုန်အမျိုးသားတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်၊ ဧဖရိမ်အမျိုးအနွယ် တို့ကိုလာရောက်တိုက်ခိုက်သဖြင့် အစ္စရေးလူမျိုးတို့ အလွန်ဒုက္ခရောက်ရကြ၏။
ထိုသို့ အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးများကို တိုက်ခိုက်လာသောအခါ ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့သည် တောဘပြည်၌နေသော ယေဖသကို သွားခေါ်ကြ၏။
အမ္မုန်လူမျိုးနာဟတ်သည် ချီလာ၍ ယာဗက်ဂိလဒ်မြို့နားတွင် တပ်ချ၏။ ထိုအခါ ယာဗက်မြို့သားတို့က နာဟတ်အား “ကျွန်ုပ်တို့နှင့် မဟာမိတ်ဖွဲ့ပါလော့။ အရှင့်ထံ၌ အစေခံပါမည်”ဟု ဆိုကြ၏။