ယုဒအမျိုးချီတက်သွားသောအခါ ထာဝရဘုရားသည် ခါနာန်လူမျိုးနှင့် ဖေရဇိလူမျိုးတို့ကို သူတို့လက်သို့အပ်တော်မူသဖြင့် သူတို့သည် ဗေဇက်မြို့၌ လူတစ်သောင်းကို သတ်လေ၏။
သူကြီး 11:32 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေဖသသည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်လေ၏။ ထာဝရဘုရားကလည်း သူတို့ကို ယေဖသလက်သို့ အပ်တော်မူ၏။ Common Language Bible သို့ဖြစ်၍ယေဖသသည်မြစ်ကိုကူးဖြတ် ပြီးလျှင် အမ္မုန်အမျိုးသားတို့အားတိုက်ခိုက် ရာ ထာဝရဘုရားသည်သူ့အားအောင်ပွဲ ခံစေတော်မူ၏။- Garrad Bible အ မ္မုန် အ မျိုး သား တို့ နှင့် စစ် ပြိုင် ရန် တိုး ကပ် သော် သူ့ လက် တွင်း သို့ အပ် နှင်း တော် မူ သ ဖြင့် Judson Bible အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှာ ချီသွား၍၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက်၌ အပ်တော်မူသဖြင့်၊ |
ယုဒအမျိုးချီတက်သွားသောအခါ ထာဝရဘုရားသည် ခါနာန်လူမျိုးနှင့် ဖေရဇိလူမျိုးတို့ကို သူတို့လက်သို့အပ်တော်မူသဖြင့် သူတို့သည် ဗေဇက်မြို့၌ လူတစ်သောင်းကို သတ်လေ၏။
အမ္မုန်အမျိုးသားတို့ကို အောင်နိုင်၍ ပြန်လာသောအခါ အကျွန်ုပ်အား အိမ်တံခါးဝမှထွက်ကြိုသောသူကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်အဖြစ် ပူဇော်ပါမည်”ဟု ထာဝရဘုရားထံ ကတိသစ္စာပြုလေ၏။
ယေဖသသည် အာရော်မြို့မှ မိန္နိတ်မြို့၊ အာဗေလခေရမိမ်မြို့တို့အထိ မြို့ပေါင်းနှစ်ဆယ်ကို အကြီးအကျယ်လုပ်ကြံတိုက်ခိုက်၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် အစ္စရေးအမျိုးသားတို့ကို ရှုံးနိမ့်ရလေ၏။
ထို့နောက်မှ ထာဝရဘုရားသည် တိုက်ခိုက်လုယက်သောသူတို့လက်မှ သူတို့ကို ကယ်တင်ပေးမည့် တရားသူကြီးများကို ပေါ်ထွန်းစေတော်မူ၏။
ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။