အကျွန်ုပ်သည် အကျွန်ုပ်ဖခင်၏အိမ်သို့ ငြိမ်းချမ်းစွာပြန်လာရလျှင် ထာဝရဘုရားသည် အကျွန်ုပ်၏ဘုရားဖြစ်မည်။
သူကြီး 11:31 - မြန်မာ့စံမီသမ္မာကျမ်း အမ္မုန်အမျိုးသားတို့ကို အောင်နိုင်၍ ပြန်လာသောအခါ အကျွန်ုပ်အား အိမ်တံခါးဝမှထွက်ကြိုသောသူကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်အဖြစ် ပူဇော်ပါမည်”ဟု ထာဝရဘုရားထံ ကတိသစ္စာပြုလေ၏။ Common Language Bible အကျွန်ုပ်အားခရီးဦးကြိုပြုရန်အိမ်မှ ဦးစွာပထမထွက်လာသူအား မီးရှို့ရာ ယဇ်အဖြစ်ဖြင့်ကိုယ်တော်အားပူဇော်ဆက် သပါမည်။'' Garrad Bible အ မ္မုန် အ မျိုး သား တို့ နှင့် စစ် ငြိမ်း၍ ပြန် ရောက် သော အ ခါ အ ကြင် သူ သည် အ ကျွန်ုပ် အိမ် တံ ခါး တွင်း မှ ကြို ဆို ရန် ထွက် လာ အံ့။ ထို သူ သည် ကိုယ် တော် ပိုင် ဖြစ် ပါ၍ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ဆက် ကပ် ပါ အံ့ ဟု ဆို ပြီး မှ Judson Bible အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှာ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန်ဆက်သ၍ မီးရှို့ရာယဇ် ပူဇော်ပါမည်ဟု သစ္စာကတိထားပြီးမှ၊ |
အကျွန်ုပ်သည် အကျွန်ုပ်ဖခင်၏အိမ်သို့ ငြိမ်းချမ်းစွာပြန်လာရလျှင် ထာဝရဘုရားသည် အကျွန်ုပ်၏ဘုရားဖြစ်မည်။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
ပြည့်တန်ဆာ၏အဖိုးအခနှင့် ခွေး၏အဖိုးအခကို ကတိသစ္စာတစ်စုံတစ်ခုအတွက် သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မယူဆောင်လာရ။ အကြောင်းမူကား ထိုအရာနှစ်ခုစလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
ယေဖသက “ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်ဆိုလျှင်
ထို့နောက် ယေဖသသည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်လေ၏။ ထာဝရဘုရားကလည်း သူတို့ကို ယေဖသလက်သို့ အပ်တော်မူ၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။
ထို့ကြောင့် ယခု အကျွန်ုပ်သည် ဤသူငယ်ကို ထာဝရဘုရားထံ ဆက်ကပ်ပါ၏။ သူအသက်ရှင်သမျှကာလပတ်လုံး သူ့ကို ထာဝရဘုရားထံ အပ်နှံပါပြီ”ဟု ဆိုပြီး ထိုနေရာတွင် ထာဝရဘုရားအား ရှိခိုးကိုးကွယ်လေ၏။
ရှောလုမင်းကြီးက လူတို့အား “နေဝင်ချိန်အထိ ရန်သူတို့ကို လက်တုံ့ပြန်မပြီးမချင်း အစာစားသောသူသည် ကျိန်ခြင်းခံရမည်”ဟု ကျိန်ဆိုစေသဖြင့် မည်သူမျှ အစာမစားဝံ့။ ထို့ကြောင့် ထိုနေ့တွင် အစ္စရေးအမျိုးသားတို့သည် အလွန်ဒုက္ခရောက်ကြ၏။
ရှောလုမင်းကြီးကလည်း “ယောနသန်၊ သင်မုချသေရမည်။ သင်မသေလျှင် ဘုရားသခင်သည် ထိုထက်မက ငါ့ကို ပြုတော်မူပါစေသော”ဟု ဆို၏။
သူငယ်ရှမွေလသည် ဧဖုဒ်ပိတ်ချောကိုဝတ်ဆင်၍ ထာဝရဘုရားရှေ့တော်တွင် အမှုတော်ထမ်းဆောင်လျက်ရှိ၏။