ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမယုံသဖြင့် နယ်မြေကို ဖြတ်ခွင့်မပေး။ ထို့ပြင် ရှိဟုန်မင်းကြီးသည် မိမိလူတို့ကို စုရုံးပြီး ယာဟတ်မြို့၌တပ်ချကာ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။
သို့ရာတွင်ရှိဟုန်မင်းကခွင့်မပြုချေ။ သူ သည်မိမိ၏တပ်မတော်တစ်ခုလုံးကိုစုရုံး စေပြီးလျှင် ယာဟတ်မြို့သို့လာရောက်စခန်း ချကာဣသရေလအမျိုးသားတို့အား တိုက်ခိုက်လေသည်။-
ရှိ ဟုန် မင်း သည် ပြည် နယ် ဖြတ် သွား ရန် ထို လူ မျိုး တို့ ကို စိတ် မ ချ ရ၍၊ အ လုံး အ ရင်း ရှိ သ မျှ စု ရုံး ပြီး လျှင်၊ ယာ ဟတ် မြို့ တွင် စွဲ ရပ် လျက် ဣ သ ရေ လ လူ မျိုး တို့ ကို စစ် တိုက် သော်၊
ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို လျှောက်သွားစေခြင်းငှာ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။
ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူမျိုးတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ နယ်မြေကိုလည်း သူတို့အား ပိုင်းခြားခွဲဝေပေးတော်မူ၏။ သူတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏ပြည်တို့ကို သိမ်းပိုက်နိုင်ခဲ့၏။
တစ်ဖန် အစ္စရေးလူမျိုးတို့သည် ဟေရှဘုန်မြို့တွင် နန်းစံသောအာမောရိဘုရင်ရှိဟုန်မင်းကြီးထံ တမန်ကိုစေလွှတ်၍ အစ္စရေးလူမျိုးတို့က “အကျွန်ုပ်တို့၏နေရပ်သို့သွားရန် သင့်ပြည်ကိုဖြတ်ခွင့်ပြုပါ”ဟု လျှောက်ဆိုစေသော်လည်း
သို့သော် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ရှိဟုန်မင်းကြီးမှစ၍ သူ့လူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးလူမျိုးတို့သည် သူတို့ကိုတိုက်၍ အာမောရိပြည်တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့၏။