ဤဒုစရိုက်သည် ဖောင်းကြွလာ၍ ပြိုလဲတော့မည့် မြင့်မားသောမြို့ရိုးပေါ်က အက်ကွဲရာကဲ့သို့ဖြစ်၍ ရုတ်ခြည်းကျိုးပဲ့သွားလိမ့်မည်။
သူကြီး 10:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်မှစ၍ သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးတို့၏နေရာဂိလဒ်ပြည်ရှိ အစ္စရေးအမျိုးသားတို့ကို တစ်ဆယ့်ရှစ်နှစ်ဖိနှိပ်ညှဉ်းဆဲကြ၏။ Common Language Bible ထိုသူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာ မောရိနယ်မြေဂိလဒ်ပြည်တွင်နေထိုင်သော ဣသရေလအမျိုးသားတို့အား တစ်ဆယ့် နှစ်နှစ်တိုင်တိုင်ညှင်းပန်းနှိပ်စက်ကြ၏။- Garrad Bible ယော် ဒန် မြစ် တစ် ဖက်၊ အာ မော ရိ လူ မျိုး နေ ရာ ဂိ လဒ် ပြည် တွင် နေ ထိုင် သော ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကို ၎င်း နှစ် မှ စ၍ နှစ် ပေါင်း ဆယ့် ရှစ် နှစ် ပတ် လုံး နှိပ် စက် ညှဉ်း ပန်း ကြ ၏။ Judson Bible ယော်ဒန်မြစ်တစ်ဖက် အာမောရိလူနေရာ ဂိလဒ်ပြည်၌နေသော ဣသရေလ အမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တစ်ဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။ |
ဤဒုစရိုက်သည် ဖောင်းကြွလာ၍ ပြိုလဲတော့မည့် မြင့်မားသောမြို့ရိုးပေါ်က အက်ကွဲရာကဲ့သို့ဖြစ်၍ ရုတ်ခြည်းကျိုးပဲ့သွားလိမ့်မည်။
မနာရှေ၏သားမာခိရ၏သားမြေးတို့သည် ဂိလဒ်ပြည်သို့ သွား၍ သိမ်းယူပြီးလျှင် ထိုပြည်၌နေထိုင်သော အာမောရိလူမျိုးတို့ကို နှင်ထုတ်ကြ၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။
အမ္မုန်အမျိုးသားတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်၊ ဧဖရိမ်အမျိုးအနွယ် တို့ကိုလာရောက်တိုက်ခိုက်သဖြင့် အစ္စရေးလူမျိုးတို့ အလွန်ဒုက္ခရောက်ရကြ၏။
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။