အစ္စရေးအမျိုးသားတို့ အကုန်အစင်မသုတ်သင်နိုင်ခဲ့ဘဲ တိုင်းပြည်တွင်ကြွင်းကျန်နေခဲ့သောသူတို့၏သားမြေးများကို ရှောလမုန်မင်းကြီးသည် အလုပ်ကြမ်းသမားများအဖြစ် ယနေ့တိုင်အောင်ထားရှိ၏။
သူကြီး 1:27 - မြန်မာ့စံမီသမ္မာကျမ်း မနာရှေအမျိုးအနွယ်သည် ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ စသည်တို့၌နေထိုင်သောသူတို့ကို မနှင်ထုတ်နိုင်ကြ။ ခါနာန်လူမျိုးတို့သည် ထိုပြည်၌ အတင်းနေထိုင်ကြ၏။ Common Language Bible မနာရှေအနွယ်ဝင်တို့သည်ဗက်ရှန်မြို့၊ တာနက် မြို့၊ ဒေါရမြို့၊ ဣဗလံမြို့၊ မေဂိဒ္ဒေါမြို့တို့နှင့်ထို မြို့တို့၏အနီးရှိမြို့ရွာများမှလူတို့အား နှင်မထုတ်ခဲ့ကြချေ။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်ထိုမြို့ရွာများ၌ပင်ဆက်လက် နေထိုင်ကြလေသည်။- Garrad Bible မ နာ ရှေ့ အ နွယ် မူ ကား၊ ဗက် ရှန်၊ တာ နက်၊ ဒေါ ရ၊ ဣ ဗ လံ၊ မေ ဂိ ဒ္ဒေါ မြို့ များ နှင့် နိ ဂုံး များ တွင် နေ ထိုင် သူ တို့ ကို မ နှင် ထုတ် နိုင် သ ဖြင့်၊ ထို ခါ န နိ လူ မျိုး တို့ အ တင်း နေ ကြ သေး ၏။ Judson Bible မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။ |
အစ္စရေးအမျိုးသားတို့ အကုန်အစင်မသုတ်သင်နိုင်ခဲ့ဘဲ တိုင်းပြည်တွင်ကြွင်းကျန်နေခဲ့သောသူတို့၏သားမြေးများကို ရှောလမုန်မင်းကြီးသည် အလုပ်ကြမ်းသမားများအဖြစ် ယနေ့တိုင်အောင်ထားရှိ၏။
ယောရှိမင်းကြီးလက်ထက်တွင် အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီးသည် အဆီးရီးယားဘုရင်ကိုတိုက်ခိုက်ရန် ယူဖရေးတီးမြစ်သို့ စစ်ချီသွားသည်ကို ယောရှိမင်းကြီးထွက်လာ၍ မေဂိဒ္ဒေါအရပ်တွင် သူ့ကိုရင်ဆိုင်တိုက်ခိုက်ရာ သူသည် ယောရှိမင်းကြီးကိုတွေ့ပြီး ကွပ်မျက်လိုက်လေ၏။
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။
သင်သည် ထိုသူတို့နှင့်လည်းကောင်း၊ ထိုသူတို့၏ဘုရားများနှင့်လည်းကောင်း ပဋိညာဉ်မဖွဲ့ရ။
ထာဝရဘုရား၏အမှုတော်ကို လုံ့လစိုက်၍ မလုပ်ဆောင်သောသူသည် ကျိန်ခြင်းခံရမည်။ လူကိုမသတ်ဘဲ မိမိ၏ဓားကို ပြန်ရုပ်သိမ်းသောသူသည် ကျိန်ခြင်းကိုခံရမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ တာနက်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့နှစ်မြို့ကိုလည်း ပေး၏။
ယောရှုသေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “ခါနာန်လူမျိုးတို့ကို မည်သူ ဦးစွာသွား၍တိုက်ခိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင်
ဗင်္ယာမိန်အမျိုးသားတို့သည် ဂျေရုဆလင်မြို့သား ယေဗုသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့သဖြင့် ယေဗုသိလူမျိုးတို့သည် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယနေ့တိုင်အောင် ဂျေရုဆလင်မြို့တွင် နေထိုင်ကြလေ၏။
ထိုသူသည် ဟိတ္တိပြည်သို့သွား၍ မြို့ကိုတည်ကာ ထိုမြို့၏အမည်ကို လုဇ ဟုမှည့်ခေါ်၏။ ထိုမြို့ကို ယနေ့တိုင်အောင် ထိုသို့ခေါ်ဆိုလေ၏။
အစ္စရေးလူမျိုးတို့ အင်အားကြီးလာသောအခါတွင်လည်း ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ အခွန်ဆက်စေကြ၏။
ရှင်ဘုရင်တို့သည်လာ၍ စစ်တိုက်ကြ၏။ ခါနာန်ဘုရင်တို့သည် တာနက်မြို့၊ မေဂိဒ္ဒေါအိုင်နား၌ စစ်တိုက်ကြ၏။ တိုက်ခိုက်လုယူသောငွေကို မယူသွားကြ။
သို့သော် ရှောလုမင်းကြီးနှင့် တပ်သားတို့သည် အာဂတ်မင်းကြီးကို ချမ်းသာပေး၏။ အကောင်းဆုံးသောသိုးနွားများ၊ ဆူဖြိုးသောနွားသငယ်များ၊ သိုးသငယ်များနှင့် တန်ဖိုးရှိသောအရာအားလုံးကိုမူ နှမြော၍ မဖျက်ဆီးလိုကြ။ တန်ဖိုးမရှိ၊ အသုံးမဝင်သောအရာတို့ကိုကား အကုန်ဖျက်ဆီးပစ်လေ၏။
ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို အာရှတရက်ဝတ်ကျောင်းတွင်ထားပြီး အလောင်းကိုမူ ဗက်ရှန်မြို့ရိုးတွင် ချိတ်ဆွဲထားကြ၏။