ငါ့ကို ခံတပ်မြို့သို့ မည်သူခေါ်ဆောင်သွားမည်နည်း။ ငါ့ကိုဧဒုံပြည်သို့ မည်သူပို့ဆောင်ပေးမည်နည်း။
သူကြီး 1:12 - မြန်မာ့စံမီသမ္မာကျမ်း ကာလက်က “ကိရယဿေဖာမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်သောသူအား ငါ့သမီးအာခသနှင့် ပေးစားမည်”ဟု ဆို၏။ Common Language Bible ထိုသူတို့အနက်ကာလက်ဆိုသူက``ငါသည် ကိရယဿေဖာမြို့ကိုတိုက်ခိုက်အောင်မြင် သောသူအားငါ့သမီးအာခသနှင့် ပေးစားမည်'' ဟုဆို၏။- Garrad Bible ကိ ရ ယဿေ ဖာ မြို့ ကို လုပ် ကြံ တိုက် ယူ သူ့ အား၊ ငါ့ သ မီး အာ ခ သ နှင့် ပေး စား မည် ဟု ကာ လက် ဆို လျှင် Judson Bible ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊ |
ငါ့ကို ခံတပ်မြို့သို့ မည်သူခေါ်ဆောင်သွားမည်နည်း။ ငါ့ကိုဧဒုံပြည်သို့ မည်သူပို့ဆောင်ပေးမည်နည်း။
မိန်းမယူ၍ သားသမီးများကို မွေးဖွားကြလော့။ သားများကိုလည်း မိန်းမယူစေလော့။ သမီးများကိုလည်း ယောက်ျားယူစေလော့။ သားသမီးများ မွေးဖွားစေကြလော့။ ထိုအရပ်၌ မလျော့နည်းဘဲ တိုးပွားကြလော့။
ထို့နောက် ကာလက်သည် ထိုပြည်မှ ဒေဗိရမြို့သို့ ချီတက်သွား၏။ ဒေဗိရမြို့ကို ယခင်က ကိရယဿေဖာမြို့ ဟုခေါ်၏။
တစ်ဖန် ထိုမြို့မှ ဒေဗိရမြို့သို့ ချီတက်သွား၏။ ဒေဗိရမြို့ကို ယခင်က ကိရယဿေဖာမြို့ ဟုခေါ်၏။
ကာလက်၏ညီ ကေနတ်၏သား ဩသံယေလက ထိုမြို့ကိုသိမ်းပိုက်နိုင်သဖြင့် ကာလက်သည် သူ့အား သမီးအာခသနှင့် ပေးစားလေ၏။
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။
ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း ထိုစကားများကို ဒါဝိဒ်အား ပြောကြားကြ၏။ ထိုအခါ ဒါဝိဒ်က သူတို့အား “ဂုဏ်မရှိသောဆင်းရဲသားအကျွန်ုပ်ကား ရှင်ဘုရင်၏သမက်ဖြစ်ရန် ဤမျှလောက်လွယ်ကူမည်ဟု သင်တို့ထင်သလော”ဟု ပြန်ပြော၏။