ကိုယ်တော်၏မိန့်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက် ပို၍ချိုမြပါ၏။
သုတ္တံကျမ်း။ 8:11 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဉာဏ်ပညာသည် ပတ္တမြားတို့ထက်ကောင်းမြတ်၍ မည်သည့်နှစ်သက်ဖွယ်သောအရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။ Common Language Bible အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ Garrad Bible ဉာဏ် ပ ညာ သည် ပ တ္တ မြား ထက် မွန် မြတ် သ ဖြင့်၊ နှစ် သက် သ မျှ အ ခြား အ ရာ များ လည်း မ ပြိုင် မ နှိုင်း ရာ၊ Judson Bible အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက်သာ၍မြတ်၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ |
ကိုယ်တော်၏မိန့်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက် ပို၍ချိုမြပါ၏။
သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက် ပို၍မြတ်နိုးပါ၏။
ကိုယ်တော်၏နှုတ်တော်ထွက်တရားသည် အကျွန်ုပ်အတွက် ထောင်ပေါင်းများစွာသောရွှေငွေတို့ထက် ပို၍ကောင်းပါ၏။
၎င်းတို့သည် ရွှေထက်မက များစွာသောရွှေစင်ထက်ပင် နှစ်လိုဖွယ်ဖြစ်ပြီး ပျားရည်ထက်မက ပျားလပို့မှပျားရည်ထက်ပင် ချိုမြိန်၏။
ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။ ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။
ရွှေရှိ၏။ ပတ္တမြားလည်းများစွာရှိ၏။ သို့သော် အသိပညာရှိသောနှုတ်ခမ်းသည် အဖိုးတန်သောရတနာဖြစ်၏။
စွမ်းရည်နှင့်ပြည့်စုံသောမယားကို မည်သူတွေ့နိုင်သနည်း။ ထိုသို့သောမယားသည် ပတ္တမြားထက်များစွာအဖိုးထိုက်၏။
ဉာဏ်ပညာသည် အမွေဥစ္စာနှင့်အမျှကောင်းမြတ်၍ နေကိုမြင်သောသူတို့အတွက် အကျိုးရှိ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
‘အကျွန်ုပ်တို့ လိုက်နာနိုင်မည့်အကြောင်း မည်သူသည် ပင်လယ်တစ်ဖက်သို့ကူးပြီး အကျွန်ုပ်တို့ထံ ယူဆောင်လာ၍ ပြောကြားပေးမည်နည်း’ဟု သင်တို့ဆိုရအောင် ပင်လယ်တစ်ဖက်ကမ်း၌ ရှိသည်မဟုတ်။