ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။
သုတ္တံကျမ်း။ 6:21 - မြန်မာ့စံမီသမ္မာကျမ်း ၎င်းတို့ကို သင်၏စိတ်နှလုံးတွင် အစဉ်မပြတ်ချည်ထား၍ သင်၏လည်ပင်း၌ဆွဲထားလော့။ Common Language Bible နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။ Garrad Bible နှ လုံး ပေါ် တွင် အ စဉ် ချည်၍၊ လည်၌ ပတ် ရစ် လော့။ Judson Bible နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့။ |
ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။
ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသောကြောင့် ထာဝရဘုရား၏တရားတော်သည် သင်တို့၏နှုတ်၌တည်မည့်အကြောင်း သင်တို့အတွက် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်ရစရာအဖြစ် ရှိရမည်။
မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။ ၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
ထိုစကားတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။ သင်၏စိတ်နှလုံးအတွင်း၌ ထိန်းသိမ်းထားလော့။
ဉာဏ်ပညာကို မစွန့်ပယ်နှင့်။ ၎င်းသည် သင့်ကိုစောင့်ထိန်းလိမ့်မည်။ ဉာဏ်ပညာကိုချစ်လော့။ ၎င်းသည် သင့်ကို ကာကွယ်စောင့်ရှောက်လိမ့်မည်။
သင်တို့သည် ငါတို့ပြုစုသော ခရစ်တော်၏စာဖြစ်ကြောင်း ထင်ရှားလျက်ရှိ၏။ ထိုစာကို မင်အားဖြင့်မဟုတ်ဘဲ အသက်ရှင်တော်မူသောဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ရေးထားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်၌မဟုတ်ဘဲ လူ၏နှလုံးသားပြင်ပေါ်၌ရေးထားခြင်းဖြစ်၏။
သင်တို့၏လက်၌ အမှတ်လက္ခဏာအဖြစ် ချည်ထားရမည်။ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိစေရမည်။