မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
သုတ္တံကျမ်း။ 6:2 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ်ကျော့မိ၍ ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ် အဖမ်းခံရလေပြီ။ Common Language Bible ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။ Garrad Bible ကိုယ် နှုတ် မြွက် သော စ ကား ဖြင့် ကျော့ ဖမ်း ခံ ရ လေ ပြီ။ Judson Bible ကိုယ်နှုတ်ထွက်စကားဖြင့် ကျော့မိပြီ။ ကိုယ်ပြောသောစကားကြောင့် အမှုရောက်လေပြီ။ |
မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
မိုက်မဲသောသူ၏နှုတ်သည် သူ့အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။ သူ၏နှုတ်ခမ်းသည်လည်း သူ၏စိတ်ဝိညာဉ်ကိုဖမ်းမိသောထောင်ချောက်ဖြစ်၏။
ငါ့သား၊ သင်သည် သင်၏အိမ်နီးချင်းအတွက် အာမခံမိ၍ သူစိမ်းအတွက် တာဝန်ခံမိလျှင်
ယခုသင်သည် သင်၏အိမ်နီးချင်းလက်သို့ ကျရောက်လေပြီ။ ထို့ကြောင့် ငါ့သား၊ ဤသို့ပြု၍ ကိုယ့်ကိုယ်ကိုယ်ကယ်နုတ်လော့။ သင်၏အိမ်နီးချင်းထံသွား၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလျက် ကြပ်ကြပ်တောင်းပန်လော့။
သင်တို့သည် သူတို့၏ဘုရားများဖြစ်သည့် ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။ ရုပ်တုဆင်းတုရှိ ရွှေ၊ ငွေတို့ကို မတပ်မက်ရ၊ မယူရ။ ထိုအရာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူသည်ဖြစ်၍ ယူမိလျှင် သင်သည် ထိုအရာအားဖြင့် ကျော့မိလိမ့်မည်။