သူသည် ချစ်ဖွယ်ကောင်းသောသမင်မ၊ တင့်တယ်သောဒရယ်မကဲ့သို့ဖြစ်၏။ သူ၏သားမြတ်သည် သင့်ကိုအစဉ်အမြဲ ကျေနပ်အားရစေ၍ သူ၏အချစ်၌ သင်သည် အစဉ်မပြတ်ယစ်မူးပါစေ။
သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
စုံ မက် သော သ မင် မ၊ တင့် တယ် သော ဒ ရယ် မ သ ဖွယ်၊ သင့် ခင် ပွန်း၏ သား မြတ် အား ဖြင့် အ ခါ ခပ် သိမ်း အား ရ၍။ သူ့ ကို ချစ် ခင် ပျော် ပိုက် လျက် အ စဉ် နေ လော့။
သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
တစ်နေ့တွင် ချမ်းသာသောသူထံသို့ ခရီးသွားဧည့်သည်တစ်ဦးရောက်လာ၏။ သူ့ထံရောက်လာသောဧည့်သည်ကို သူ၏သိုးအုပ်၊ နွားအုပ်ထဲမှ သိုးနွားကိုယူ၍ ချက်ကျွေးရမည်ကို နှမြောသဖြင့် ဆင်းရဲသောသူ၏သိုးသငယ်မလေးကို ယူပြီးလျှင် သူ့ထံရောက်လာသောဧည့်သည်ကို ချက်ကျွေး၏”ဟု ပြောပြလေ၏။
သင်၏ရေလှောင်တွင်းထဲမှရေ၊ သင်၏ရေတွင်းထဲမှထွက်သောရေကို သောက်လော့။
ငါ့သား၊ သင်သည် အဘယ်ကြောင့် အကျင့်ဖောက်ပြားသောမိန်းမနှင့်ယစ်မူး၍ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ရင်ကို ပွေ့ဖက်ရသနည်း။
အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။
အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။
သင့်ရင်သားနှစ်မြွှာသည်လည်း နှင်းပန်းကြားတွင် ကျက်စားသော သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်တို့နှင့် တူပါ၏။
သင့်ရင်သားနှစ်မြွှာသည် သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်နှင့်တူပါ၏။
“အို အကျွန်ုပ်ချစ်သူ၊ အမွှေးနံ့သာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် အပြေးလာပါလော့။”