ငါ့မျက်စိနှင့် ကတိပြုထားပြီဖြစ်၍ မိန်းမပျိုကို အဘယ်သို့ကြည့်နိုင်မည်နည်း။
သုတ္တံကျမ်း။ 4:25 - မြန်မာ့စံမီသမ္မာကျမ်း သင်၏မျက်စိသည် ရှေ့သို့စေ့စေ့ကြည့်ပါစေ။ သင်၏မျက်လွှာသည်လည်း သင့်ရှေ့တည့်တည့်အာရုံပြုပါစေ။ Common Language Bible သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့။ Garrad Bible သင်၏ မျက် စိ သည် တည့် မတ် စွာ ရှု ကြည့်၍၊ မျက် ခမ်း လည်း တူ ရူ ရှေ့ ရှု လော့။ Judson Bible သင်၏မျက်စိသည်ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့သည် တည့်တည့်အာရုံပြုစေလော့။ |
ငါ့မျက်စိနှင့် ကတိပြုထားပြီဖြစ်၍ မိန်းမပျိုကို အဘယ်သို့ကြည့်နိုင်မည်နည်း။
အချည်းနှီးသောအရာကိုမကြည့်မိစေရန် အကျွန်ုပ်၏မျက်စိကိုလွှဲတော်မူပါ။ ကိုယ်တော်၏လမ်း၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အသိစိတ်မရှိသောသူသည် မိုက်မဲခြင်း၌ဝမ်းမြောက်တတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား ဖြောင့်မှန်စွာလျှောက်လှမ်းတတ်၏။
ဆိုးယုတ်သောသူသည် မျက်နှာပြောင်တိုက်တတ်၏။ ဖြောင့်မှန်သောသူမူကား မိမိသွားရာလမ်းကို သိရှိနားလည်၏။
သင်၏မျက်စိသည် ထူးဆန်းသောအရာတို့ကိုမြင်၍ သင်၏စိတ်နှလုံးသည် ဖောက်ပြန်လွဲမှားသောစကားတို့ကိုပြောဆိုလိမ့်မည်။
ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
ကောက်ကျစ်သောနှုတ်ကို သင့်ထံမှဖယ်ရှားလော့။ စဉ်းလဲသောနှုတ်ခမ်းကိုလည်း သင်နှင့်ဝေးကွာစေလော့။
သင်လျှောက်ရာလမ်းကိုချင့်ချိန်သုံးသပ်လော့။ သို့ပြုလျှင် သင်၏လမ်းခရီးရှိသမျှတို့သည် တည်မြဲလိမ့်မည်။
မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ ထို့ကြောင့် သင်၏မျက်စိကောင်းလျှင် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးတောက်ပနေလိမ့်မည်။