အီဂျစ်ပြည်နှင့် ကောမြို့မှ မြင်းများကို ရှောလမုန်မင်းကြီးထံ တင်သွင်းတတ်ကြ၏။ ရှင်ဘုရင်၏ကုန်သည်တို့သည် အဖိုးအခပေး၍ ကောမြို့မှဝယ်ယူတင်သွင်းပေးကြ၏။
သုတ္တံကျမ်း။ 31:24 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ပိတ်ချောဝတ်ရုံများကိုပြုလုပ်ရောင်းချကာ ခါးဝတ်တန်ဆာများကိုလည်း ကုန်သည်များထံသွင်းတတ်၏။ Common Language Bible ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ် ၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။ Garrad Bible ပိတ် တ ဘက် ကို ရက်၍ ရောင်း တတ်၏။ ကုန် သည် တို့ အား ခါး စည်း များ ကို ရောင်း ချ တတ်၏။ Judson Bible ချောသောအထည်အလိပ်ကို ရက်၍ ရောင်းတတ်၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ ချတတ်၏။ |
အီဂျစ်ပြည်နှင့် ကောမြို့မှ မြင်းများကို ရှောလမုန်မင်းကြီးထံ တင်သွင်းတတ်ကြ၏။ ရှင်ဘုရင်၏ကုန်သည်တို့သည် အဖိုးအခပေး၍ ကောမြို့မှဝယ်ယူတင်သွင်းပေးကြ၏။
သူသည် သိုးမွေးနှင့်ဗီသွာလျှော်ကိုရှာပြီးလျှင် မိမိ၏လက်ဖြင့် စိတ်ပါလက်ပါလုပ်ဆောင်တတ်၏။
ကုန်သွယ်သင်္ဘောများကဲ့သို့ မိမိ၏အစားအစာကို ဝေးလံသောအရပ်မှသယ်ဆောင်လာတတ်၏။
သူသည် မိမိ၏လက်တွင် ဗိုင်းလိပ်တံကိုကိုင်ထားလျက် မိမိ၏လက်ထဲ၌ ရစ်လုံးကိုဆုပ်ကိုင်ထားတတ်၏။
အစွမ်းသတ္တိနှင့်ခန့်ညားထည်ဝါမှုသည် သူ၏အဝတ်တန်ဆာဖြစ်၍ သူသည် လာမည့်နေ့ရက်များအတွက် ရယ်မောနိုင်၏။
ဆီးရီးယားပြည်သည် ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၍ သင်၏ကုန်ပစ္စည်းများကို မြ၊ ခရမ်းရောင်ကျောက်၊ ဇာပန်းထိုးထည်၊ ပိတ်ချော၊ သန္တာကျောက်၊ ပတ္တမြားများနှင့် လဲလှယ်ကြ၏။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
ရှံဆုန်က ထိုသူတို့အား “ယခု သင်တို့ကို စကားထာဝှက်မည်။ ပွဲခံရာခုနစ်ရက်အတွင်း အဖြေကို ရှာတွေ့ပြီး ပြောပြနိုင်လျှင် ပိတ်ချောဝတ်ရုံအထည်သုံးဆယ်နှင့် ဝတ်စုံအစုံသုံးဆယ်ကို သင်တို့အားငါပေးမည်။