သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
သုတ္တံကျမ်း။ 31:20 - မြန်မာ့စံမီသမ္မာကျမ်း အဖိနှိပ်ခံရသောသူတို့အတွက် မိမိလက်ကိုဖြန့်ပေး၍ နွမ်းပါးသောသူတို့အတွက် မိမိလက်တို့ကိုကမ်းပေးတတ်၏။ Common Language Bible ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။ Garrad Bible ဆင်း ရဲ သူ တို့ အား လက် ဆန့်၍ လည်း ကောင်း၊ နွမ်း ပါး သူ တို့ အား လက် လှမ်း၍ လည်း ကောင်း၊ ပေး ကမ်း တတ်၏။ Judson Bible ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ်သောသူတို့အား လက်ရုံးကို ဆန့်တတ်၏။ |
သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
ဆင်းရဲသောသူကို ဂရုပြုသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခရောက်သောနေ့၌ ထာဝရဘုရားသည် သူ့ကိုလွတ်မြောက်စေတော်မူမည်။
ထာဝရဘုရားသည် သူ့ကိုစောင့်ရှောက်လျက် ဆက်၍အသက်ရှင်စေတော်မူလိမ့်မည်။ သူသည် ပြည်တော်တွင်မင်္ဂလာရှိသူဖြစ်လိမ့်မည်။ ကိုယ်တော်သည် သူ့ကို ရန်သူတို့အလိုအတိုင်းပြုကြစေရန် အပ်တော်မူမည်မဟုတ်။
သို့သော် ငါခေါ်သောအခါ သင်တို့သည် ငြင်းပယ်ကြ၏။ ငါ့လက်ကိုဆန့်တန်းသောအခါ မည်သူမျှ အလေးမထားကြ။
ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍ ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
စေတနာစိတ်ရှိသောသူသည် မိမိ၏အစားအစာကို ဆင်းရဲသောသူအား ပေးကမ်းသောကြောင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။
သူသည် မိမိ၏လက်တွင် ဗိုင်းလိပ်တံကိုကိုင်ထားလျက် မိမိ၏လက်ထဲ၌ ရစ်လုံးကိုဆုပ်ကိုင်ထားတတ်၏။
အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့၌ အစဉ်ရှိကြသည်ဖြစ်၍ သင်တို့အလိုရှိသည့်အခါ သူတို့ကိုကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။
အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား “နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သောလူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏”ဟု ဆို၏။
သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
သင့်ပြည်၌ နွမ်းပါးသောသူသည် ပပျောက်လိမ့်မည်မဟုတ်။ ထို့ကြောင့် ‘သင့်ပြည်၌ရှိသည့် ဆင်းရဲနွမ်းပါးသော သင်၏ညီအစ်ကိုအပေါ် မတွန့်တိုရ’ဟု သင့်အား ငါမိန့်မှာ၏။
ကောင်းသောအမှုကိုပြုခြင်းနှင့် ဝေမျှခြင်းတို့ကိုလည်း မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင်နှစ်သက်တော်မူ၏။