သုတ္တံကျမ်း။ 31:2 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ငါမည်သို့ပြောရမည်နည်း။ ငါ့ဝမ်းမှဖွားသောသား၊ ငါမည်သို့ပြောရမည်နည်း။ ငါ၏ကတိသစ္စာနှင့်ဆိုင်သောသား၊ ငါမည်သို့ပြောရမည်နည်း။ Common Language Bible ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊ Garrad Bible ငါ့ သား၊ မည် သို့ နည်း။ ငါ့ ရင် သွေး၊ မည် သို့ နည်း။ ငါ သ စ္စာ ဆို၍ ဖွား ရ သော သား၊ မည် သို့ နည်း။ Judson Bible ငါ့သားအဘယ်သို့နည်း။ ငါဖွားသောသား၊ အဘယ်သို့နည်း။ ငါ၏သစ္စာကတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊ |
မိခင်သည် မိမိနို့စို့ကလေးကို မေ့လျော့နိုင်မည်လော။ မိမိဝမ်းနှင့်လွယ်သောသားသမီးကို မသနားဘဲနေမည်လော။ ထိုသို့မေ့လျော့နိုင်ခဲ့လျှင်ပင် ငါသည် သင့်ကိုမေ့လျော့မည်မဟုတ်။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။
ထို့ကြောင့် ယခု အကျွန်ုပ်သည် ဤသူငယ်ကို ထာဝရဘုရားထံ ဆက်ကပ်ပါ၏။ သူအသက်ရှင်သမျှကာလပတ်လုံး သူ့ကို ထာဝရဘုရားထံ အပ်နှံပါပြီ”ဟု ဆိုပြီး ထိုနေရာတွင် ထာဝရဘုရားအား ရှိခိုးကိုးကွယ်လေ၏။