သန္တာကျောက်၊ ပုလဲတို့မူကား ဆိုဖွယ်ရာမရှိ။ ဉာဏ်ပညာသည် ပတ္တမြားထက် အဖိုးထိုက်တန်၏။
သုတ္တံကျမ်း။ 31:10 - မြန်မာ့စံမီသမ္မာကျမ်း စွမ်းရည်နှင့်ပြည့်စုံသောမယားကို မည်သူတွေ့နိုင်သနည်း။ ထိုသို့သောမယားသည် ပတ္တမြားထက်များစွာအဖိုးထိုက်၏။ Common Language Bible သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။ Garrad Bible နှ လုံး ရည် ကောင်း သော မိန်း မ ကို၊ မည် သူ တွေ့ ရ သ နည်း။ ထို မိန်း မ သည် ပ တ္တ မြား ထက် လွန်၍ ထိုက် တန်၏။ Judson Bible သီလနှင့်ပြည့်စုံသော မိန်းမကို အဘယ်သူတွေ့ရသနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဖိုးသာ၍ ထိုက်ပေ၏။ |
သန္တာကျောက်၊ ပုလဲတို့မူကား ဆိုဖွယ်ရာမရှိ။ ဉာဏ်ပညာသည် ပတ္တမြားထက် အဖိုးထိုက်တန်၏။
စွမ်းရည်နှင့်ပြည့်စုံသောမယားသည် မိမိခင်ပွန်း၏သရဖူဖြစ်၏။ အရှက်ကွဲစေသောမယားမူကား ခင်ပွန်း၏အရိုးထဲမှ ဆွေးမြည့်သောအရာကဲ့သို့ဖြစ်၏။
ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်မဲသောမိန်းမမူကား ၎င်းကို မိမိလက်ဖြင့် ဖြိုဖျက်တတ်၏။
မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
အိမ်ရာနှင့်စည်းစိမ်ဥစ္စာသည် မိဘဘိုးဘွားတို့ပေးသောအမွေဖြစ်၏။ ပညာသတိရှိသောမယားမူကား ထာဝရဘုရားပေးသနားတော်မူရာဖြစ်၏။
ရွှေရှိ၏။ ပတ္တမြားလည်းများစွာရှိ၏။ သို့သော် အသိပညာရှိသောနှုတ်ခမ်းသည် အဖိုးတန်သောရတနာဖြစ်၏။
ဉာဏ်ပညာသည် ပတ္တမြားထက်အဖိုးတန်၍ သင်နှစ်သက်သောမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
သူ့ခင်ပွန်းသည် စိတ်နှလုံးထဲ၌ သူ့ကိုယုံကြည်စိတ်ချသဖြင့် စည်းစိမ်ဥစ္စာချို့တဲ့သည်ဟူ၍မရှိ။
အကြောင်းမူကား ဉာဏ်ပညာသည် ပတ္တမြားတို့ထက်ကောင်းမြတ်၍ မည်သည့်နှစ်သက်ဖွယ်သောအရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
၎င်းမှာ ယောက်ျားတစ်ထောင်တို့တွင် တစ်ယောက်ကို ငါတွေ့ရှိရ၏။ သို့သော် မိန်းမတစ်ထောင်တို့တွင် တစ်ယောက်ကိုမျှ ငါမတွေ့ရှိခဲ့ပေ။
ယခုမှာ ငါ့သမီး၊ ဘာမျှမစိုးရိမ်နှင့်။ သင်တောင်းသမျှကို ငါပြုပေးမည်။ သင်သည် အကျင့်သီလနှင့်ပြည့်စုံသောအမျိုးသမီးဖြစ်ကြောင်းကို ဤတစ်မြို့လုံးရှိငါတို့လူမျိုးတို့ သိကြ၏။
သူ့အမည်မှာ နာဗလ၊ သူ့မယားအမည်မှာ အဘိဂဲလဖြစ်၏။ သူ့မယားသည် ဉာဏ်ရည်ထက်မြက်ပြီး ရုပ်ရည်လည်း ချောမောလှပသူဖြစ်၏။ နာဗလမူကား ကာလက်လူမျိုးဖြစ်ပြီး ကြမ်းတမ်းသောသူ၊ စရိုက်ဆိုးသွမ်းသောသူဖြစ်၏။