မရဏာနိုင်ငံနှင့် ပျက်စီးခြင်းနိုင်ငံသည် မည်သည့်အခါမျှအလိုမပြည့်စုံသကဲ့သို့ လူ၏မျက်စိသည်လည်း မည်သည့်အခါမျှအလိုမပြည့်စုံတတ်။
သုတ္တံကျမ်း။ 30:15 - မြန်မာ့စံမီသမ္မာကျမ်း မျှော့၌ “ပေးပါ၊ ပေးပါ”ဟု ဆိုသောသမီးနှစ်ယောက်ရှိ၏။ အလိုမပြည့်စုံနိုင်သောအရာသုံးပါးမက “တော်ပါပြီ”ဟု မဆိုတတ်သောအရာလေးပါးမှာ Common Language Bible မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊ Garrad Bible မျှော့၌၊ ပေး ပါ၊ ပေး ပါ ဦး ဟု ဆို သော သ မီး နှစ် ကောင် ရှိ၏။ မ ရောင့် ရဲ နိုင် သော အ ရာ သုံး ပါး၊ မု ချ ဆို သော်၊ တော် ပြီ ဟု မ ဆို တတ် သော အ ရာ လေး ပါး ဟူ မူ ကား၊ Judson Bible မျှော့ကောင်၌ ပေးပါနှင့် ပေးပါဟူသော သမီးနှစ်ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊ |
မရဏာနိုင်ငံနှင့် ပျက်စီးခြင်းနိုင်ငံသည် မည်သည့်အခါမျှအလိုမပြည့်စုံသကဲ့သို့ လူ၏မျက်စိသည်လည်း မည်သည့်အခါမျှအလိုမပြည့်စုံတတ်။
အဖိနှိပ်ခံရသောသူတို့ကို မြေကြီးပေါ်မှလည်းကောင်း၊ နွမ်းပါးသောသူတို့ကို လူထုထဲမှလည်းကောင်း ဝါးမျိုပစ်ရန် သန်လျက်ကဲ့သို့သောသွားနှင့် ဓားကဲ့သို့သောအစွယ်ရှိသောသူများရှိ၏။
မရဏာနိုင်ငံ၊ မြုံသောဝမ်း၊ ရေမဝနိုင်သောမြေကြီးနှင့် “တော်ပါပြီ”ဟု မဆိုတတ်သောမီးတို့ဖြစ်ကြ၏။
မြေကြီးလှုပ်ခတ်ရသောအကြောင်းခြင်းရာသုံးပါးမက မြေကြီးမခံနိုင်သောအကြောင်းခြင်းရာလေးပါးမှာ
ခံ့ညားစွာခြေလှမ်းလှမ်းတတ်သောအရာသုံးပါးမက ခံ့ညားစွာလှမ်းလျှောက်တတ်သောအရာလေးပါးမှာ
ထာဝရဘုရားမုန်းတော်မူသောအရာခြောက်ပါးမက ကိုယ်တော်၏စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးမှာ
စုန်းမသား၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ပြည့်တန်ဆာအမျိုးအနွယ်တို့၊ ချဉ်းကပ်ကြလော့။
သူတို့သည် စပျစ်ဝိုင်ယစ်မူးပြီး ပြည့်တန်ဆာနှင့်ဖောက်ပြန်မှားယွင်းကြ၏။ သူတို့၏အကြီးအကဲတို့သည်လည်း ရှက်ဖွယ်အမှုကို အလွန်နှစ်သက်ကြ၏။
တစ်ဖန် ထာဝရဘုရားက “ဧဒုံပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းကို သနားညှာတာစိတ်မထား၊ ဓားနှင့်လိုက်လံညှဉ်းဆဲတတ်၏။ အမျက်မပြေ၊ ဒေါသထွက်လျက် ကိုက်ဖဲ့တတ်၏။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အမ္မုန်အမျိုးသားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် နယ်မြေချဲ့ထွင်ရာ၌ ဂိလဒ်ပြည်ရှိ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကို ခွဲပစ်ကြ၏။
ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဒမတ်စကပ်မြို့သားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ဂိလဒ်ပြည်ကို ကောက်နယ်သံတလိမ့်တုံးဖြင့် နင်းနယ်လေပြီ။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဂါဇမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ပြည်သူတစ်ရပ်လုံးကိုဖမ်းခေါ်သွားပြီး ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
တစ်ဖန် ထာဝရဘုရားက “တိုင်ရာမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းဖွဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ ပြည်သူတစ်ရပ်လုံးကို ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “မောဘပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူသည် ဧဒုံဘုရင်၏အရိုးစုကို မီးရှို့ပြာချပစ်လေပြီ။
တစ်ဖန် ထာဝရဘုရားက “ယုဒပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ပညတ်တရားတော်ကို စွန့်ပယ်ကြပြီး ပြဋ္ဌာန်းချက်တို့ကိုလည်း မစောင့်ထိန်းကြ။ သူတို့၏ဘိုးဘေးတို့လိုက်လျှောက်ခဲ့သည့်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့သည် လိမ်လည်မှုများအားဖြင့် လမ်းလွဲကြပြီ။
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။
သင်တို့သည်လည်း သင်တို့ဘိုးဘေးများ၏အပြစ်ပမာဏကိုပြည့်အောင် ဖြည့်စွက်ကြလော့။
ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း“သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။