စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။ စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
သုတ္တံကျမ်း။ 29:20 - မြန်မာ့စံမီသမ္မာကျမ်း အလျင်စလိုစကားပြောဆိုတတ်သောသူကို သင်မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။ Common Language Bible သတိမရှိဘဲစကားများသော သူရှိလျှင်၊ ထိုသူ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။ Garrad Bible စ ကား လျင် လွန်း သူ့ ကို တွေ့ ရှိ သ လော။ ထို သူ ထက် မိုက် မဲ သော သူ့ အ ဖို့ မျှော် လင့် ရာ အ ကြောင်း ရှိ သေး၏။ Judson Bible သတိမရှိဘဲ စကားများသောသူရှိလျှင်၊ ထိုသူ၌ မျှော်လင့်စရာအခွင့် ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့်ရှိ၏။ |
စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။ စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
အသိပညာကင်းမဲ့သောစိတ်ဆန္ဒသည် မကောင်းပေ။ အလျင်စလိုခြေလှမ်းသောသူသည် လွဲချော်တတ်၏။
ဝီရိယရှိသောသူ၏အကြံအစည်တို့သည် အကျိုးအမြတ်ကို ဧကန်ဖြစ်စေ၏။ အလျင်စလိုပြုမူသောသူတိုင်းကား ချို့တဲ့နွမ်းပါးခြင်းသို့သာရောက်တတ်၏။
မိမိကိုယ်ကို ပညာရှိဟု ထင်မြင်သောသူကို သင်တွေ့မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
မိုက်မဲသောသူသည် မိမိ၏စိတ်ခံစားချက်ရှိသမျှကို ထုတ်ဖော်တတ်၏။ ပညာရှိသောသူမူကား ၎င်းကို ပြန်၍ထိန်းထားတတ်၏။
အစေအပါးကို စကားအားဖြင့်သာ ပဲ့ပြင်၍မရနိုင်။ သူသည် နားလည်သော်လည်း တုံ့ပြန်လိမ့်မည်မဟုတ်။
မိမိ၏အစေအပါးကို ငယ်ရွယ်စဉ်မှစ၍ အလိုလိုက်လျှင် နောက်ဆုံးတွင် သူသည် မိုက်ရိုင်းစော်ကားတတ်သူဖြစ်သွားလိမ့်မည်။
ဘုရားသခင်၏ရှေ့တော်၌နှုတ်မြွက်ရန် သင်၏နှုတ်ကိုမလောစေနှင့်။ သင်၏စိတ်ကိုလည်း မမြန်စေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူပြီး သင်သည် မြေကြီးပေါ်၌ရှိ၏။ ထို့ကြောင့် သင်၏စကားကို နည်းစေလော့။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။