မိမိ၏ဖခင်၊ သို့မဟုတ် မိခင်၏ဥစ္စာကိုလုယူပြီးမှ ငါအပြစ်ကျူးလွန်သည်မဟုတ်ဟု ပြောဆိုသောသူသည် အဖျက်သမား၏အပေါင်းအဖော်ဖြစ်၏။
အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဘော်ဖြစ်၏။
တ ရား ကို မ လွန် ကျူး ဟု ဆို လျက်၊ မိ ဘ ဥ စ္စာ ကို လု ယက် သော သား သည်၊ ဖျက် ဆီး တတ် သူ၏ အ ပေါင်း အ ဖော် ဖြစ်၏။
အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကိုလုယူသောသူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဖော်ဖြစ်၏။
အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
မိမိ၏အလုပ်၌ပျင်းရိသောသူသည် အဖျက်သမားနှင့်ညီအစ်ကိုတော်၏။
ဖခင်အပေါ်ကြမ်းကြုတ်စွာပြုမူပြီး မိခင်ကိုနှင်ထုတ်သောသားသည် အရှက်ကွဲစေသောသား၊ မျက်နှာပျက်စေသောသားဖြစ်၏။
စေတနာစိတ်ရှိသောသူသည် မိမိ၏အစားအစာကို ဆင်းရဲသောသူအား ပေးကမ်းသောကြောင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။
ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူသည် အသိဉာဏ်ရှိသောသားဖြစ်၏။ အစားကြူးသောသူများနှင့်ပေါင်းဖော်သောသူကား မိမိဖခင်ကိုအရှက်ရစေတတ်၏။
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။