ဆိုးမိုက်သောသူကို ဂျုံစေ့နှင့်အတူ ဆုံထဲထည့်၍ ကျည်ပွေ့နှင့်ထောင်းသော်လည်း သူ၏မိုက်မဲမှုသည် သူ့ထံမှဖယ်ခွာလိမ့်မည်မဟုတ်။
မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း၊ မိုက်သောသဘောမထွက်တတ်။
မိုက် မဲ သော သူ့ ကို၊ စ ပါး နှင့် အ တူ၊ ဆုံ၌ ကျည် ပွေ့ ဖြင့် ထောင်း ဖွတ် သော် လည်း၊ မိုက် မဲ ခြင်း သ ဘော မ စင် နိုင်။
မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်းသော်လည်း၊ မိုက်သောသဘော မထွက်တတ်။
ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
အီဂျစ်ပြည်၌ လူမသေသောအိမ်ဟူ၍မရှိသောကြောင့် ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့် အီဂျစ်လူမျိုးအပေါင်းတို့သည် ညအချိန်၌ ထ၍ ပြင်းစွာအော်ဟစ်ငိုကြွေးကြ၏။
အစ္စရေးလူမျိုးတို့ထွက်ပြေးကြောင်းကို အီဂျစ်ဘုရင်အား ကြားလျှောက်သောအခါ ထိုလူမျိုးတို့နှင့်ပတ်သက်ပြီး ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့သည် စိတ်ပြောင်း၍ “ငါတို့သည် အဘယ်ကြောင့် ဤသို့ပြုမိသနည်း။ အကယ်စင်စစ် အစ္စရေးလူမျိုးတို့ကို ငါတို့၏အစေခံအဖြစ်မှ လွှတ်ပေးမိပါပြီတကား”ဟု ဆိုကြ၏။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
ပညာရှိသောသူတို့၏သရဖူသည် သူတို့၏ဓနဥစ္စာဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား မိုက်မဲမှုဖြစ်၏။
“သူတို့သည် ငါ့ကိုရိုက်ကြသော်လည်း ငါမနာ။ ငါ့ကိုထုရိုက်ကြသော်လည်း ငါမသိ။ မည်သည့်အချိန်မှ ငါနိုးမည်နည်း။ နောက်ထပ်သောက်ရန် ငါရှာဦးမည်”ဟု သင်ပြောဆိုလိမ့်မည်။
ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်သကဲ့သို့ မိုက်မဲသောသူသည် မိမိပြုသောမိုက်မဲမှုကို ထပ်တလဲလဲပြုတတ်၏။
သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။
အီသီယိုးပီးယားလူသည် မိမိအသားအရေကိုလည်းကောင်း၊ ကျားသစ်သည် အကွက်အကျားဖြစ်နေသည်ကိုလည်းကောင်း ပြောင်းလဲပစ်နိုင်သလော။ ပြောင်းလဲနိုင်မည်ဆိုလျှင် ဆိုးညစ်သောအမှုကိုပြုမြဲပြုတတ်သောသင်တို့သည် ကောင်းသောအမှုကိုပြုလာနိုင်လိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
ထိုအကြောင်းကို ရှောလုမင်းကြီးကြားသိသောအခါ နောက်ထပ် တမန်တို့ကိုစေလွှတ်ပြန်ရာ ထိုသူတို့သည်လည်း ပရောဖက်ပြုကြ၏။ ရှောလုမင်းကြီးသည် တတိယအကြိမ် တမန်တို့ကိုစေလွှတ်ပြန်ရာ သူတို့သည်လည်း ပရောဖက်ပြုကြ၏။