မုန်းတီးခြင်းကိုဖုံးကွယ်ထားသောသူ၌ မုသားနှုတ်ခမ်းရှိ၏။ အသရေပျက်စေသောစကားကို ဖြန့်သူသည် မိုက်မဲသောသူဖြစ်၏။
သုတ္တံကျမ်း။ 26:23 - မြန်မာ့စံမီသမ္မာကျမ်း မကောင်းသောစိတ်နှလုံးမှလာသည့် ချိုသာသောစကားတို့သည် ငွေချော်ဖြင့်မံထားသော မြေအိုးနှင့်တူ၏။ Common Language Bible ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။ Garrad Bible အ ချစ် လွန် သော နှုတ် ခမ်း နှင့် တ ကွ ဆိုး သွမ်း သော စိတ် နှ လုံး သည်၊ ငွေ ချော် မွမ်း မံ သော မြေ အိုး နှင့် တူ၏။ Judson Bible ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သောစိတ်နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။ |
မုန်းတီးခြင်းကိုဖုံးကွယ်ထားသောသူ၌ မုသားနှုတ်ခမ်းရှိ၏။ အသရေပျက်စေသောစကားကို ဖြန့်သူသည် မိုက်မဲသောသူဖြစ်၏။
အကြောင်းမူကား သူသည် မိမိစိတ်ထဲ၌ တွက်ချက်တတ်သောသူမျိုးဖြစ်၏။ သူသည် သင့်အား “စားလော့။ သောက်လော့”ဟု ဆိုသော်လည်း သင့်အပေါ် စေတနာစိတ်မရှိ။
ငွေထဲမှ ချော်ကိုဖယ်ထုတ်လျှင် ပန်းထိမ်သမားအတွက် အသုံးအဆောင်ပစ္စည်းထွက်လာမည်။
သူ၏စကားသည် ချိုသော်လည်း သူ့ကိုမယုံနှင့်။ အကြောင်းမူကား သူ၏စိတ်နှလုံးထဲ၌ စက်ဆုပ်ရွံရှာဖွယ်ရာ ခုနစ်ပါးရှိ၏။
မိတ်ဆွေပေးသောဒဏ်ရာများသည် သစ္စာနှင့်ယှဉ်၏။ ရန်သူပေးသောအနမ်းများမူကား လှည့်စားခြင်းနှင့်ယှဉ်၏။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသည့် သင်္ချိုင်းဂူများနှင့်တူကြ၏။ ၎င်းတို့သည် အပြင်ဘက်၌ တင့်တယ်စွာထင်ရှားသော်လည်း အတွင်း၌ကား လူသေတို့၏အရိုးများနှင့် ညစ်ညူးသောအရာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။
သခင်ဘုရားကလည်း“သင်တို့ဖာရိရှဲများသည် ခွက်နှင့်လင်ပန်းတို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း သင်တို့အတွင်း၌ကား မတရားလုယူခြင်းနှင့်ဆိုးညစ်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။