ဖောက်ပြန်လွဲမှားသောသူသည် အငြင်းပွားမှုကိုဖြစ်ပွားစေတတ်၏။ အတင်းအဖျင်းပြောဆိုသောသူသည်လည်း အပေါင်းအဖော်ကိုကွဲပြားစေတတ်၏။
သုတ္တံကျမ်း။ 26:20 - မြန်မာ့စံမီသမ္မာကျမ်း ထင်းမရှိလျှင် မီးသည်ငြိမ်းသွားတတ်၏။ အတင်းအဖျင်းပြောဆိုသောသူမရှိလျှင်လည်း အငြင်းပွားမှုသည် ငြိမ်သက်သွားတတ်၏။ Common Language Bible ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ်၏။ Garrad Bible ထင်း မ ရှိ လျှင်၊ မီး သေ သ ကဲ့ သို့၊ ကုန်း ချော သော သူ မ ရှိ လျှင်၊ ရန် ငြိမ်း တတ်၏။ Judson Bible ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏။ |
ဖောက်ပြန်လွဲမှားသောသူသည် အငြင်းပွားမှုကိုဖြစ်ပွားစေတတ်၏။ အတင်းအဖျင်းပြောဆိုသောသူသည်လည်း အပေါင်းအဖော်ကိုကွဲပြားစေတတ်၏။
ပြက်ရယ်ပြုတတ်သောသူကို နှင်ထုတ်လော့။ သို့ပြုလျှင် အငြင်းပွားမှုသည် ထွက်သွား၍ ခိုက်ရန်ဖြစ်ခြင်းနှင့်အရှက်ကွဲခြင်းသည်လည်း အဆုံးသတ်သွားလိမ့်မည်။
အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍ အတွင်းအကျဆုံးနေရာများသို့ ဆင်းသွားတတ်၏။
သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။
လျှာသည် မီးဖြစ်၏။ မတရားမှု၏လောကလည်းဖြစ်၏။ လျှာသည် ငါတို့၏အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစွန်းထင်းစေလျက် ဘဝတစ်ခုလုံးကို လောင်ကျွမ်းစေကာ မိမိသည်လည်း ငရဲမီး၏လောင်ကျွမ်းခြင်းကိုခံရ၏။