ထို့ပြင် ရှင်ဘုရင်က ရှိမိအား “ငါ့ခမည်းတော် ဒါဝိဒ်မင်းကြီးအပေါ် သင်ပြုမိခဲ့သောအမှားများကိုလည်း သင်ကိုယ်တိုင်သိ၏။ ထာဝရဘုရားသည် သင်၏မကောင်းမှုကို သင့်ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
သုတ္တံကျမ်း။ 24:8 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောအမှုပြုရန်ကြံစည်သောသူကို အကြံသမားဟုခေါ်ကြလိမ့်မည်။ Common Language Bible မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။ Garrad Bible အ ဆိုး ကို ကြံ စည် သော သူ သည်၊ အ လိမ် အ လစ် များ သော သူ ဟု အ ခေါ် ခံ ရ လိမ့် မည်။ Judson Bible မကောင်းသောအမှုကိုပြုခြင်းငှာ ကြံစည်သောသူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။ |
ထို့ပြင် ရှင်ဘုရင်က ရှိမိအား “ငါ့ခမည်းတော် ဒါဝိဒ်မင်းကြီးအပေါ် သင်ပြုမိခဲ့သောအမှားများကိုလည်း သင်ကိုယ်တိုင်သိ၏။ ထာဝရဘုရားသည် သင်၏မကောင်းမှုကို သင့်ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
သူတို့သည် ကိုယ်တော့်အပေါ် မကောင်းကြံ၍ ကောက်ကျစ်သောအကြံအစည်ကို ကြံစည်ကြသော်လည်း အောင်မြင်ကြလိမ့်မည်မဟုတ်။
မကောင်းမှုကို တွေးတောကြံစည်သောသူတို့သည် လမ်းလွဲသွားကြသည်မဟုတ်လော။ ကောင်းသောအမှုကို တွေးတောကြံစည်သောသူတို့မူကား မေတ္တာကရုဏာနှင့်သမ္မာတရားကို တွေ့ရှိကြလိမ့်မည်။
အကြောင်းမူကား သူတို့၏စိတ်နှလုံးသည် အကြမ်းဖက်မှုကို ကြံစည်တတ်၏။ သူတို့၏နှုတ်ခမ်းသည်လည်း ပြဿနာဖြစ်စေသောစကားကို ပြောဆိုတတ်၏။
မိုက်မဲဆိုးညစ်သောအကြံသည် အပြစ်ဖြစ်၏။ ပြက်ရယ်ပြုတတ်သောသူသည်လည်း လူတို့အတွက်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ဖောက်ပြန်လွဲမှားသောစိတ်နှလုံးဖြင့် မကောင်းမှုကိုတွေးတောကြံစည်လျက် ငြင်းခုံရန်တွေ့ခြင်းကို အစဉ်အမြဲဖြစ်ပွားစေတတ်၏။
ယုတ်ညံ့သောအကြံအစည်များကို တွေးတောကြံစည်သောစိတ်နှလုံး၊ မကောင်းမှုပြုရာသို့ အလျင်အမြန်ပြေးသောခြေ၊
လူလိမ်လူကောက်၏လက်နက်ကား မကောင်းမှုဖြစ်၏။ ဆင်းရဲသားပြောသောစကား မှန်ကန်ခဲ့လျှင်ပင် ဆင်းရဲသားတို့ကို မုသားစကားဖြင့် ဖျက်ဆီးရန် ဆိုးညစ်သောအမှုကို ကြံစည်တတ်၏။
ထာဝရဘုရားကို ဆန့်ကျင်ကြံစည်သူ၊ ဆိုးဝါးယုတ်ညံ့သောအကြံကို ပေးသူတစ်ဦး သင့်အထဲမှ ပေါ်လာလိမ့်မည်။
ပုတ်ခတ်ပြောဆိုသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ မိုက်ရိုင်းသောသူ၊ မာနထောင်လွှားသောသူ၊ ကြွားဝါသောသူ၊ မကောင်းသောအမှုများကို တီထွင်ကြံစည်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊