သင်၏စိတ်နှလုံးသည် အပြစ်သားတို့ကို မငြူစူနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့၍သာနေလော့။
သုတ္တံကျမ်း။ 23:16 - မြန်မာ့စံမီသမ္မာကျမ်း သင်၏နှုတ်ခမ်းသည် ဟုတ်မှန်သောအရာများကိုပြောဆိုသောအခါ ငါ၏အတွင်းသဘောသည် ရွှင်မြူးလိမ့်မည်။ Common Language Bible သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။ Garrad Bible မှန် သော စ ကား ကို၊ သင် နှုတ် မြွက် ရာ တွင်၊ ငါ့ အ သည်း အေး မြ လိမ့် မည်။ Judson Bible သင့်နှုတ်သည် မှန်သောစကားကိုပြောသောအခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။ |
သင်၏စိတ်နှလုံးသည် အပြစ်သားတို့ကို မငြူစူနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့၍သာနေလော့။
နားထောင်ကြလော့။ အကြောင်းမူကား ငါသည် ကောင်းမြတ်သောအရာများကို ပြောဆိုမည်။ ငါ့နှုတ်မြွက်ဟသောအရာသည်လည်း ဟုတ်မှန်သောအရာများဖြစ်၏။
သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းကိုမျှ မထွက်စေနှင့်။ ကြားရသောသူတို့ကို ကျေးဇူးပြုနိုင်ရန် လိုအပ်ချက်နှင့်အညီ တည်ဆောက်စရာဖြစ်စေသည့် ကောင်းသောစကားတို့ကိုသာ ပြောဆိုကြလော့။
မဖွယ်မရာပြုမူခြင်း၊ မိုက်မဲစွာပြောဆိုခြင်းနှင့် ညစ်ညမ်းသောပြက်လုံးထုတ်ခြင်းတို့သည်လည်း မသင့်လျော်သဖြင့် ရှောင်ရှား၍ ကျေးဇူးတော်ချီးမွမ်းခြင်းကိုသာ ပြုကြလော့။
ထိုနက်နဲသောအရာကို ဟောပြောသင့်သည့်အတိုင်း ရှင်းလင်းပြတ်သားစွာ ငါဟောပြောနိုင်ရန်လည်း ဆုတောင်းပေးကြလော့။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။