ငါ့ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသောအရှင်သည် သူတို့ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ ငါတို့ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသောအရှင်သည် တစ်ပါးတည်းဖြစ်တော်မူသည်မဟုတ်လော။
သုတ္တံကျမ်း။ 22:2 - မြန်မာ့စံမီသမ္မာကျမ်း ချမ်းသာသောသူနှင့် ဆင်းရဲသောသူတို့၏ တူညီသောအချက်မှာ သူတို့အားလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူခြင်းပင်ဖြစ်၏။ Common Language Bible ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။ Garrad Bible ကြွယ် ဝ သော သူ နှင့် နွမ်း ပါး သော သူ တို့ သည်၊ ဆုံ စည်း ကြ၏။ ၎င်း ရှိ သ မျှ တို့ ကို၊ ထာ ဝ ရ ဘု ရား ဖန် ဆင်း တော် မူ ပြီ။ Judson Bible ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြုံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။ |
ငါ့ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသောအရှင်သည် သူတို့ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ ငါတို့ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသောအရှင်သည် တစ်ပါးတည်းဖြစ်တော်မူသည်မဟုတ်လော။
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
ဆင်းရဲသောသူကို နှိပ်စက်သောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ နွမ်းပါးသောသူကို သနားသောသူမူကား ကိုယ်တော်ကို ရိုသေလေးမြတ်သောသူဖြစ်၏။
ဆင်းရဲသောသူနှင့် ဖိနှိပ်ခြယ်လှယ်သောသူတို့၏တူညီသောအချက်မှာ သူတို့နှစ်ဦးလုံး၏မျက်စိတွင် ထာဝရဘုရားအလင်းပေးတော်မူခြင်းပင်ဖြစ်၏။
မျက်စိက လက်အား “သင့်ကို ငါအလိုမရှိ”ဟု ပြော၍မရသကဲ့သို့ ဦးခေါင်းကလည်း ခြေတို့အား “သင်တို့ကို ငါအလိုမရှိ”ဟု ပြော၍မရပေ။
ထာဝရဘုရားသည် ဆင်းရဲစေနိုင်၏။ ချမ်းသာစေနိုင်၏။ နိမ့်ကျစေနိုင်၏။ ချီးမြှောက်ပေးနိုင်၏။