မစင်ကြယ်သောအရာထဲမှ စင်ကြယ်သောအရာကို အဘယ်သူ ပေါ်ထွက်စေနိုင်သနည်း။ အဘယ်သူမျှမရှိပါ။
သုတ္တံကျမ်း။ 22:15 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံးတွင် နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် ဆုံးမပဲ့ပြင်သောကြိမ်လုံးသည် ၎င်းကို သူနှင့်ဝေးကွာစေလိမ့်မည်။ Common Language Bible မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။ Garrad Bible သူ ငယ်၏ စိတ် နှ လုံး ထဲ တွင်၊ မိုက် မဲ ခြင်း ကပ် ငြိ လျက် ရှိ သော် လည်း၊ ဆုံး မ သော ကြိမ် လုံး ကြောင့်၊ ဝေး ကွာ လိမ့် မည်။ Judson Bible မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသောကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။ |
မစင်ကြယ်သောအရာထဲမှ စင်ကြယ်သောအရာကို အဘယ်သူ ပေါ်ထွက်စေနိုင်သနည်း။ အဘယ်သူမျှမရှိပါ။
အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။
ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။
မျှော်လင့်ခြင်းရှိစဉ်အခါ သင်၏သားကိုပဲ့ပြင်လော့။ သူ့ကိုသေခြင်းသို့ရောက်စေလိုသည့် စိတ်ထားမျိုးမရှိစေနှင့်။
ဒဏ်ရာဒဏ်ချက်သည် မကောင်းမှုကိုလည်းကောင်း၊ ရိုက်နှက်ခြင်းသည် အတွင်းအကျဆုံးနေရာများကိုလည်းကောင်း ဆေးကြောသန့်စင်ပေး၏။
ကြိမ်လုံးနှင့်ဆိုဆုံးမစကားသည် ဉာဏ်ပညာကိုပေး၏။ လွှတ်ထားသောကလေးသူငယ်မူကား သူ၏မိခင်ကိုအရှက်ကွဲစေတတ်၏။
သင်၏သားကိုပဲ့ပြင်လော့။ သို့ပြုလျှင် သူသည် သင့်ကိုငြိမ်းချမ်းမှုပေး၍ သင်၏စိတ်ဝိညာဉ်ကို ကြည်နူးစေလိမ့်မည်။
အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏။
ငါတို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ထဲတွင်ပါလျက် မိမိတို့သွေးသားဇာတိ၏တပ်မက်ခြင်းများထဲ၌ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ်ကာယနှင့်စိတ်နှလုံးတို့၏အလိုအတိုင်းပြု၍ အခြားသောသူတို့ကဲ့သို့ပင် သဘာဝအလျောက် အမျက်တော်ခံထိုက်သောသူများဖြစ်ကြ၏။