များစွာသောဓနဥစ္စာထက် ဂုဏ်သတင်းကျော်စောခြင်းကို ရွေးချယ်သင့်၏။ မျက်နှာရခြင်းသည် ရွှေ၊ ငွေတို့ထက် ပို၍ကောင်း၏။
ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
များ စွာ သော စီး ပွား ချမ်း သာ ထက်၊ အ သ ရေ ကို ရွေး သင့်၏။ ကျေး ဇူး ဘ ဏ္ဍာ လည်း၊ ရွှေ ငွေ ထက် မြတ်၏။
ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက် သာ၍ကောင်း၏။
ဘုရင့်မှူးမတ်တို့သည်လည်း အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးထံသို့လာ၍ ‘ဘုရားသခင်သည် အရှင်မင်းကြီး၏နာမထက် ရှောလမုန်၏နာမကို သာ၍ထင်ရှားစေတော်မူပါစေသော။ အရှင်မင်းကြီး၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော’ဟု ကောင်းချီးထောမနာပြုကြလေပြီ။ အရှင်မင်းကြီးသည်လည်း သလွန်တော်ပေါ်မှ ဦးညွှတ်လျက်
ဖြောင့်မတ်သောသူနှင့်ဆိုင်သောအောက်မေ့စရာသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ဆိုးယုတ်သောသူ၏အမည်မူကား ပျောက်ပျက်သွားလိမ့်မည်။
မွှေးသောဂုဏ်သတင်းသည် မွှေးသောနံ့သာဆီထက် ပို၍ကောင်း၏။ သေသောနေ့သည်လည်း မွေးဖွားသောနေ့ထက် ပို၍ကောင်း၏။
သို့သော် နတ်ဆိုးတို့သည် သင်တို့ကိုနာခံကြသည့်အတွက် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များကို ကောင်းကင်၌ရေးမှတ်ထားသည့်အတွက် ဝမ်းမြောက်ကြလော့”ဟု မိန့်တော်မူ၏။
သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။
အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။
ဤသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးကျူးခံရကြသော်လည်း ကတိပေးတော်မူသောအရာကို မရရှိခဲ့ကြချေ။