မတရားသဖြင့်ရသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှလွတ်မြောက်စေတတ်၏။
သုတ္တံကျမ်း။ 21:6 - မြန်မာ့စံမီသမ္မာကျမ်း မုသားသုံးသောလျှာဖြင့် ဥစ္စာဘဏ္ဍာများကိုဆည်းပူးခြင်းသည် လွင့်သွားသောအခိုးအငွေ့ဖြစ်ပြီး သေခြင်းကိုရှာဖွေခြင်းဖြစ်၏။ Common Language Bible မုသာစကားအားဖြင့် ဘဏ္ဍာကိုဆည်းဖူးခြင်း အမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ်၏။ Garrad Bible မု သာ သုံး သော လျှာ ဖြင့် ဆည်း ပူး သော ဘ ဏ္ဍာ သည်၊ လေ လွင့် သော အ ခိုး အ ငွေ့၊ သေ ခြင်း၏ ညွှတ် ကွင်း များ ဖြစ်၏။ Judson Bible မုသားစကားအားဖြင့် ဘဏ္ဍာကိုဆည်းပူးခြင်းအမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ်၏။ |
မတရားသဖြင့်ရသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှလွတ်မြောက်စေတတ်၏။
လွယ်လွယ်ရသောစည်းစိမ်ဥစ္စာသည် လျော့နည်းသွားတတ်၏။ နည်းနည်းချင်းစုဆောင်းသောသူမူကား စည်းစိမ်ဥစ္စာကိုတိုးပွားစေတတ်၏။
ဝယ်သောသူသည် “မကောင်းဘူး၊ မကောင်းဘူး”ဟု ဆိုတတ်၏။ သို့သော် ဝယ်၍ထွက်သွားပြီးမှ ဝါကြွားတတ်၏။
မတရားမှုမျိုးစေ့ကိုကြဲသောသူသည် ဆင်းရဲဒုက္ခကိုရိတ်သိမ်းရ၍ သူ၏ဒေါသကြိမ်လုံးသည် ပျက်စီးသွားလိမ့်မည်။
မဟုတ်မမှန်သောအရာနှင့် လိမ်လည်သောစကားကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါ။ ဆင်းရဲခြင်းကိုလည်းကောင်း၊ ကြွယ်ဝချမ်းသာခြင်းကိုလည်းကောင်း အကျွန်ုပ်အား ပေးတော်မမူပါနှင့်။ အကျွန်ုပ်အတွက်လိုအပ်သောအစာကိုသာ အကျွန်ုပ်အား ပေးတော်မူပါ။
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
‘သင်တို့ကျူးလွန်သောအပြစ်များကို စွန့်၍ စိတ်နှလုံးအသစ်၊ စိတ်သဘောအသစ် ရှိကြလော့။ အို အစ္စရေးအမျိုး၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မစင်ကြယ်သောအကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကိုသွန်သင်လျက် မိသားစုများကို အစုလိုက်ချွတ်ချော်လွဲမှားစေကြ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။