ပျားရည်၊ ဒိန်ချဉ်၊ သိုးသား၊ နွားနို့ခဲ စသည်တို့ကို ဒါဝိဒ်မင်းကြီးနှင့် သူ့လူတို့စားဖို့ ယူဆောင်လာကြ၏။
သုတ္တံကျမ်း။ 21:26 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အလိုရှိသည့်အရာကို တစ်နေ့လုံး တောင့်တနေတတ်၏။ ဖြောင့်မတ်သောသူမူကား တွန့်တိုခြင်းမရှိဘဲ ပေးကမ်းတတ်၏။ Common Language Bible တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။ Garrad Bible နေ့ ရှိ သ မျှ တပ် မက် ခင် မင် သော သူ ရှိ၏။ ဖြောင့် မတ် သူ မူ ကား၊ မ တွန့် တို ဘဲ ပေး ကမ်း တတ်၏။ Judson Bible တစ်နေ့လုံး တပ်မက်အားကြီးတတ်၏။ ဖြောင့်မတ်သောသူမူကား မနှမြောဘဲ စွန့်ကြဲတတ်၏။ |
ပျားရည်၊ ဒိန်ချဉ်၊ သိုးသား၊ နွားနို့ခဲ စသည်တို့ကို ဒါဝိဒ်မင်းကြီးနှင့် သူ့လူတို့စားဖို့ ယူဆောင်လာကြ၏။
သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
သူသည် အစဉ်အမြဲသနားတတ်၍ ချေးငှားပေးတတ်၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာ ဖြစ်ကြ၏။
သင့်ထံတောင်းသောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။