မိုက်မဲသောသားသည် သူ့ဖခင်အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။ ငြင်းခုံရန်တွေ့တတ်သောမယားသည်လည်း အဆက်မပြတ် တစက်စက်ယိုကျသောမိုးရေနှင့်တူ၏။
သုတ္တံကျမ်း။ 21:19 - မြန်မာ့စံမီသမ္မာကျမ်း စိတ်ဆတ်၍ ငြင်းခုံရန်တွေ့တတ်သောမယားနှင့် နေရခြင်းထက် တောကန္တာရအရပ်၌နေရခြင်းသည် ပို၍ကောင်း၏။ Common Language Bible စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။ Garrad Bible စိတ် တို၍ ရန် ပြု တတ် သော မိန်း မ နှင့် နေ ရ သည် ထက်၊ တော အ ရပ်၌ နေ ရ သော်၊ သာ၍ ကောင်း၏။ Judson Bible စိတ်တို၍ ရန်တွေ့တတ်သောမိန်းမနှင့် နေသည်ထက်၊ တောလွင်ပြင်၌နေသော် သာ၍ကောင်း၏။ |
မိုက်မဲသောသားသည် သူ့ဖခင်အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။ ငြင်းခုံရန်တွေ့တတ်သောမယားသည်လည်း အဆက်မပြတ် တစက်စက်ယိုကျသောမိုးရေနှင့်တူ၏။
ငြင်းခုံရန်တွေ့တတ်သောမယားနှင့် တစ်အိမ်တည်းအတူနေရခြင်းထက် ခေါင်မိုးပြင်ထောင့်၌နေရခြင်းသည် ပို၍ကောင်း၏။
ငြင်းခုံရန်တွေ့တတ်သောမယားသည် မိုးရွာသောနေ့တွင် အဆက်မပြတ် တစက်စက်ယိုကျသောမိုးရေနှင့်တူ၏။
မုန်းစရာကောင်းသောမိန်းမက လက်ထပ်ရခြင်းနှင့် ကျွန်မက သူ့သခင်မ၏အမွေကိုဆက်ခံရခြင်းတို့ဖြစ်ကြ၏။
မည်သူသည် တောကန္တာရ၌ ခရီးသွားဧည့်သည်များ စခန်းချရာနေရာလေးတစ်နေရာကို ငါ့အား ပေးမည်နည်း။ သို့ပြုလျှင် ငါသည် ငါ၏လူမျိုးတော်ကိုစွန့်၍ သူတို့ထံမှထွက်သွားမည်။ သူတို့အားလုံးသည် အိမ်ထောင်ရေးဖောက်ပြန်၍ သစ္စာမဲ့သောလူစုဖြစ်၏။