သူတို့သည် မတရားမှုများကိုကြံစည်လျက် “ငါတို့သည် ပြည့်စုံသောအကြံအစည်ကို ကြံစည်ကြပြီ”ဟု ဆိုကြ၏။ အကယ်စင်စစ် လူ၏အတွင်းနှလုံးသားသည် နက်လှ၏။
သုတ္တံကျမ်း။ 20:5 - မြန်မာ့စံမီသမ္မာကျမ်း လူ၏စိတ်နှလုံး၌ရှိသောအကြံဉာဏ်သည် နက်သောရေနှင့်တူ၏။ သို့သော် ထိုးထွင်းဉာဏ်ရှိသောသူသည် ၎င်းကိုခပ်ယူလိမ့်မည်။ Common Language Bible လူစိတ်နှလုံး၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း၊ ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။ Garrad Bible လူ့ စိတ် နှ လုံး၌ အ ကြံ အ စည် သည်၊ နက် သော တွင်း ရေ နှင့် တူ သော် လည်း၊ ဉာဏ် ပ ဋိ ဘာန် ရှိ သော သူ သည်၊ ခပ် ယူ နိုင်၏။ Judson Bible လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။ |
သူတို့သည် မတရားမှုများကိုကြံစည်လျက် “ငါတို့သည် ပြည့်စုံသောအကြံအစည်ကို ကြံစည်ကြပြီ”ဟု ဆိုကြ၏။ အကယ်စင်စစ် လူ၏အတွင်းနှလုံးသားသည် နက်လှ၏။
လူ၏နှုတ်မှထွက်သောစကားတို့သည် နက်သောရေကဲ့သို့ဖြစ်၏။ ဉာဏ်ပညာ၏စမ်းရေတွင်းသည် စီးဆင်းနေသောစမ်းချောင်းကဲ့သို့ဖြစ်၏။
ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
များစွာသောလူတို့သည် မိမိတို့၏မေတ္တာကရုဏာကို ထုတ်ဖော်ပြောဆိုတတ်ကြ၏။ သို့သော် သစ္စာရှိသောသူကို မည်သူရှာတွေ့နိုင်သနည်း။
လူနှင့်ဆိုင်သောအရာတို့ကို သူ့အထဲ၌ရှိသော သူ၏ဝိညာဉ်မှတစ်ပါး မည်သူသိသနည်း။ ထို့အတူ ဘုရားသခင်နှင့်ဆိုင်သောအရာတို့ကိုလည်း ဘုရားသခင်၏ဝိညာဉ်တော်မှတစ်ပါး မည်သူမျှမသိ။