၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။
သုတ္တံကျမ်း။ 19:8 - မြန်မာ့စံမီသမ္မာကျမ်း အသိဉာဏ်ကိုရရှိသောသူသည် မိမိ၏စိတ်ဝိညာဉ်ကိုချစ်၏။ ထိုးထွင်းဉာဏ်ကိုစောင့်ထိန်းသောသူသည် ကောင်းသောအရာကိုတွေ့ရှိလိမ့်မည်။ Common Language Bible ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဥာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။ Garrad Bible ဉာဏ် ပ ညာ ကို ရ သော သူ သည်၊ ကိုယ့် အ သက် ကို ချစ် ရာ ရောက်၏။ ဉာဏ် ပ ဋိ ဘာန် ကို စောင့် ရှောက် သူ လည်း၊ ကောင်း စား လိမ့် မည်။ Judson Bible ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဉာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။ |
၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။
နှုတ်ကပတ်တော်ကို ဂရုပြုသောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်။ ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူသည်လည်း မင်္ဂလာရှိလိမ့်မည်။
မိုက်မဲသောသူသည် ဉာဏ်မရှိဘဲလျက် ဉာဏ်ပညာကိုဝယ်ယူရန် လက်ထဲ၌ငွေကိုင်ထားသည်မှာ အဘယ်ကြောင့်နည်း။
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း ပျက်စီးရလိမ့်မည်။
အကြောင်းမူကား ထိုအရာတို့ကို သင့်အထဲ၌ စောင့်ထိန်းထား၍ ထိုအရာရှိသမျှတို့ကို သင်၏နှုတ်၌အသင့်ရှိစေလျှင် နှစ်လိုဖွယ်ကောင်းသောအရာဖြစ်လိမ့်မည်။
ဉာဏ်ပညာသည် ၎င်းကိုဆုပ်ကိုင်ထားသော သူတို့အတွက် အသက်ပင်သဖွယ်ဖြစ်၏။ ၎င်းကိုစွဲကိုင်ထားသောသူတို့သည် မင်္ဂလာရှိကြ၏။
ငါ့သား၊ မှန်ကန်ပြည့်စုံသောဉာဏ်နှင့် အလိမ္မာဉာဏ်ကိုထိန်းသိမ်းစောင့်ရှောက်လော့။ ၎င်းတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။
သို့ပြုလျှင် ၎င်းတို့သည် သင်၏စိတ်ဝိညာဉ်အတွက် အသက်ဖြစ်ပြီး သင်၏လည်ပင်းအတွက် တင့်တယ်သောတန်ဆာဖြစ်လိမ့်မည်။
ထိုစကားတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။ သင်၏စိတ်နှလုံးအတွင်း၌ ထိန်းသိမ်းထားလော့။
ငါ၏ဖခင်သည် ငါ့ကိုသွန်သင်လျက် မြွက်ဆိုသည်မှာ “ငါ့စကားတို့ကို သင်၏စိတ်နှလုံးထဲ၌ စွဲမှတ်ထားလော့။ ငါ၏ပညတ်ချက်တို့ကိုစောင့်ထိန်း၍ အသက်ရှင်လော့။
ဉာဏ်ပညာကို မစွန့်ပယ်နှင့်။ ၎င်းသည် သင့်ကိုစောင့်ထိန်းလိမ့်မည်။ ဉာဏ်ပညာကိုချစ်လော့။ ၎င်းသည် သင့်ကို ကာကွယ်စောင့်ရှောက်လိမ့်မည်။
သင်တို့အား စိတ်နှလုံးသစ်ကိုပေးမည်။ သင်တို့အထဲသို့ စိတ်သဘောသစ်ကို သွင်းပေးမည်။ သင်တို့ကိုယ်ခန္ဓာထဲမှ မာကျောသောကျောက်နှလုံးသားကို ဖယ်ရှား၍ အသားနှလုံးသားကိုပေးမည်။
မိမိအသက်ကိုတွယ်တာသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထိုအသက်ကို ထာဝရအသက်အတွက် စောင့်ရှောက်လိမ့်မည်။
ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောနေ့ရက်တို့ကို တွေ့မြင်လိုသောသူသည် မိမိလျှာကိုချုပ်တည်း၍ မကောင်းသောစကားနှင့်ကင်းလွတ်စေ။ မိမိနှုတ်ကိုလည်းချုပ်တည်း၍ မုသားမပြောမိစေနှင့်။