အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
သုတ္တံကျမ်း။ 19:7 - မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲသောသူကို သူ၏ညီအစ်ကိုအားလုံးကပင် မုန်းတတ်ကြ၏။ သူ၏မိတ်ဆွေတို့သည် သူ့ကိုဝေးဝေးရှောင်ကြသည်မှာ အဘယ်ဆိုဖွယ်ရှိသနည်း။ သူသည် သူတို့နောက်သို့လိုက်၍ စကားပြောသော်လည်း မည်သူမျှ သူနှင့်စကားမပြောကြပေ။ Common Language Bible ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။ Garrad Bible နွမ်း ပါး သော သူ့ ကို၊ ညီ အစ် ကို ရှိ သ မျှ တို့ ပင် မုန်း ထား သည် မှန် လျှင်၊ အ ဆွေ များ လည်း၊ ဝေး ကွာ စွာ နေ ထိုင် လိမ့် မည်။ သူ လိုက် ခေါ် သော် လည်း၊ မ လာ ကြ။ Judson Bible ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကိုမုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကိုသာ၍ ဝေးစွာရှောင်တတ်ကြ၏။ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။ |
အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အကျွန်ုပ်ကိုထောင်ဖမ်းကြပါ၏။ အကျွန်ုပ်ဒုက္ခရောက်ရန်ရှာကြံသောသူတို့သည် ပျက်စီးခြင်းအကြောင်းများပြောဆို၍ လိမ်လည်လှည့်ဖြားမှုများကို တစ်နေ့လုံးကြံစည်ကြပါ၏။
ချစ်သောသူနှင့်မိတ်ဆွေကို ကိုယ်တော်သည် အကျွန်ုပ်နှင့်ဝေးကွာစေတော်မူ၏။ အကျွန်ုပ်သည် မှောင်မိုက်နှင့်သာ မိတ်ဖွဲ့ရပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏အသိမိတ်ဆွေများကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါပြီ။ အကျွန်ုပ်ကို သူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ အကျွန်ုပ်သည် ပိတ်မိနေသဖြင့် မထွက်နိုင်ပါ။
ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသောသူတို့၏ပျက်စီးခြင်းအကြောင်းသည် သူတို့၏ဆင်းရဲခြင်းဖြစ်၏။
ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း၏မုန်းတီးခြင်းကိုပင်ခံရ၏။ ချမ်းသာသောသူမူကား ချစ်ခင်သူများ၏။
ဆင်းရဲသောသူသည် အသနားခံပြောဆိုတတ်၏။ ချမ်းသာသောသူမူကား ကြမ်းတမ်းစွာတုံ့ပြန်ပြောဆိုတတ်၏။
စည်းစိမ်ဥစ္စာသည် အပေါင်းအသင်းများစွာတိုးပွားစေတတ်၏။ ဆင်းရဲသောသူမူကား သူ့မိတ်ဆွေ၏စွန့်ခွာခြင်းကိုခံရတတ်၏။
ဆင်းရဲသောသူ၏ငိုကြွေးသံကိုမကြားလို၍ မိမိနားကိုပိတ်ထားသောသူသည် ကိုယ်တိုင်ဟစ်ခေါ်သောအခါ မည်သူမျှ သူ့ကိုထူးလိမ့်မည်မဟုတ်။
သင်၏မိတ်ဆွေနှင့် သင့်ဖခင်၏မိတ်ဆွေကို မစွန့်ပယ်နှင့်။ သင်ဘေးဒုက္ခရောက်ချိန်၌ သင်၏ညီအစ်ကိုအိမ်သို့မသွားနှင့်။ အနီး၌ရှိသောအိမ်နီးချင်းသည် အဝေး၌ရှိသောညီအစ်ကိုထက် ပို၍ကောင်း၏။
သို့ရာတွင် သင်တို့သည် ဆင်းရဲသောသူတို့ကို မထီလေးစားပြုကြသည်တကား။ ချမ်းသာသောသူတို့သည် သင်တို့ကို ဖိနှိပ်ခြယ်လှယ်ကြသည်မဟုတ်လော။ သူတို့သည် သင်တို့ကို တရားရုံးသို့ ဆွဲခေါ်သွားကြသည်မဟုတ်လော။