ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။
သုတ္တံကျမ်း။ 19:10 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူသည် ပျော်ရွှင်ကြည်နူးရန်မသင့်လျော်ပေ။ ထို့ထက်မက ကျွန်သည် အကြီးအကဲတို့ကိုအုပ်စိုးရန် ပို၍ပင်မသင့်လျော်ပေ။ Common Language Bible မိုက်သောသူသည် မပျော်မွေ့သင့်။ ထိုမျှမက၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့်။ Garrad Bible မိုက် မဲ သူ၌၊ ပျော် မွေ့ ခွင့် မ ရှိ သင့်။ ကျွန် လည်း၊ မင်း တို့ ကို အုပ် စိုး ခွင့် မု ချ မ ရ သင့်။ Judson Bible မိုက်သောသူသည် မပျော်မွေ့သင့်။ ထိုမျှမက၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့်။ |
ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
မွန်မြတ်သောနှုတ်ခမ်းသည် မိုက်မဲသောသူနှင့်မသင့်လျော်ပေ။ ထို့ထက်မက မုသားနှုတ်ခမ်းသည် မင်းအရာရှိနှင့် ပို၍ပင်မသင့်လျော်ပေ။
နွေရာသီ၌ကျသော နှင်းပွင့်ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းချိန်၌ ရွာသောမိုးကဲ့သို့လည်းကောင်း ဂုဏ်သရေသည် မိုက်မဲသောသူနှင့်မသင့်လျော်ပေ။
လူတစ်ဦးကိုတစ်ဦး၊ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး ညှဉ်းဆဲကြလိမ့်မည်။ လူငယ်သည် လူကြီးကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။
အို အစ္စရေး၊ လူမျိုးခြားတို့ကဲ့သို့ မရွှင်လန်း၊ မဝမ်းမြောက်နှင့်။ သင်တို့သည် ဖောက်ပြန်မှားယွင်းကြပြီ။ ဘုရားသခင်ကို စွန့်ပစ်ကြပြီ။ ကောက်နယ်တလင်းရှိသမျှတို့တွင် ပြည့်တန်ဆာလုပ်၍ရသောအခကို နှစ်သက်လေပြီ။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
သူသည် မရဏာနိုင်ငံတွင် ဝေဒနာခံစားရလျက် မျှော်ကြည့်သောအခါ အာဗြဟံနှင့် သူ၏ရင်ခွင်ထဲ၌ရှိသော လာဇရုတို့ကို အဝေးမှမြင်ရလေ၏။
စိတ်ညှိုးငယ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငိုကြွေးခြင်းရှိကြလော့။ သင်တို့၏ရယ်မောခြင်းကို ဝမ်းနည်းကြေကွဲခြင်းဖြစ်စေ၍ သင်တို့၏ဝမ်းမြောက်ခြင်းကို ဝမ်းနည်းပူဆွေးခြင်းဖြစ်စေကြလော့။
အဘိဂဲလသည် နာဗလထံပြန်ရောက်သောအခါ နာဗလသည် အိမ်ထဲတွင် ရှင်ဘုရင်စားသောက်ပွဲကဲ့သို့ စားသောက်ပွဲကျင်းပလျက် အလွန်အကြူးမူးယစ်ပျော်ပါးနေသည်ကို တွေ့ရသဖြင့် နံနက်မိုးလင်းသည့်တိုင် မည်သည့်အမှုကြီးငယ်ကိုမျှ သူ့အား မပြောပြပေ။