အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 18:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​ဖြင့် မိမိ​ဝမ်း​ကို​ပြည့်​စေ​၍ မိမိ​နှုတ်ခမ်း​၏​အမြတ်အစွန်း​ဖြင့် အလိုပြည့်စုံ​တတ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏ စီးပွါးနှင့်ဝရ၏။

အခန်းကိုကြည့်ပါ။

Garrad Bible

လူ သည် ကိုယ့် နှုတ် အ သီး နှင့် ဝမ်း ပြည့် ရ၏။ နှုတ် ခမ်း၏ အ ကျိုး အ ဖြစ် နှင့် လည်း ရောင့် ရဲ ရ၏။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​သည် မိ​မိ​နှုတ်၏​အ​သီး​နှင့် ဝမ်း​ပြည့်​ရ၏။ မိ​မိ​နှုတ်​ခမ်း​တို့၏​စီး​ပွား​နှင့် ဝ​ရ၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 18:20
7 ပူးပေါင်းရင်းမြစ်များ  

လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​မှ ကောင်း​သော​အရာ​ကို​စား​ရ​၏​။ သစ္စာမဲ့​သော​သူ​တို့​၏​စိတ်ဆန္ဒ​ကား ရက်စက်ကြမ်းကြုတ်မှု​ဖြစ်​၏​။


စိတ်သဘော​ဖောက်ပြန်​သော​သူ​သည် မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​များ​နှင့် ဝအီ​လိမ့်မည်​။ သူတော်ကောင်း​မူကား မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​လိမ့်မည်​။


စော်ကားပြစ်မှား​ခြင်း​ခံရ​သော​ညီအစ်ကို​သည် ခိုင်ခံ့​သော​မြို့​ထက် ပို၍​မာကျော​၏​။ ငြင်းခုံ​ရန်တွေ့​ခြင်း​သည်​လည်း ခံတပ်​၏​ကန့်လန့်ကျင်​ကဲ့သို့​ဖြစ်​၏​။


အကြောင်းမူကား ထို​အရာ​တို့​ကို သင့်​အထဲ​၌ စောင့်ထိန်း​ထား​၍ ထို​အရာ​ရှိသမျှ​တို့​ကို သင်​၏​နှုတ်​၌​အသင့်ရှိ​စေ​လျှင် နှစ်လို​ဖွယ်​ကောင်း​သော​အရာ​ဖြစ်​လိမ့်မည်​။


ဤသည်ကား သင်​သည် မှန်ကန်​သော​စကား​စစ်စစ်​တို့​ကို သိ​စေရန်​နှင့် သင့်​ကို​စေလွှတ်​သော​သူ​များ​အား မှန်ကန်​သော​စကား​တို့​ဖြင့် ဖြေကြား​နိုင်​ရန်​ဖြစ်​၏​။