ဘုရားသခင်သည် ငါ့ကို လူမိုက်တို့လက်သို့ အပ်တော်မူပြီ။ လူဆိုးတို့လက်သို့ ထိုးအပ်လိုက်လေပြီ။
သုတ္တံကျမ်း။ 17:4 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောအမှုကိုပြုသောသူသည် ယုတ်ညံ့သောစကားကို အာရုံစိုက်နားထောင်တတ်၏။ မုသားပြောဆိုသောသူသည်လည်း ယုတ်မာစဉ်းလဲသောစကားကို စူးစိုက်နားထောင်တတ်၏။ Common Language Bible မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။ Garrad Bible လူ ဆိုး သည်၊ ဒု စ ရိုက် နှုတ် ခမ်း ကို လိုက် နာ တတ်၏။ မု သာ သုံး သော သူ လည်း၊ ဆိုး သွမ်း သော စ ကား ကို နာ ခံ တတ်၏။ Judson Bible မတရားသဖြင့် ပြုသောသူသည် မုသားစကားကို ယုံတတ်၏။ မုသားသုံးသောသူသည်လည်း ဆိုးညစ်သောစကားကို နားထောင်တတ်၏။ |
ဘုရားသခင်သည် ငါ့ကို လူမိုက်တို့လက်သို့ အပ်တော်မူပြီ။ လူဆိုးတို့လက်သို့ ထိုးအပ်လိုက်လေပြီ။
အသိဉာဏ်နည်းပါးသောသူသည် အရာအားလုံးကိုယုံတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား မိမိ၏ခြေလှမ်းကို ဆင်ခြင်သုံးသပ်တတ်၏။
ပညတ်တရားကိုစွန့်ပယ်သောသူတို့သည် ဆိုးယုတ်သောသူကိုချီးမွမ်းတတ်၏။ ပညတ်တရားကိုစောင့်ထိန်းသောသူတို့မူကား ဆိုးယုတ်သောသူတို့ကိုဆန့်ကျင်တတ်၏။
သူတို့က စိတ်အာရုံမြင်ရသူတို့အား “စိတ်အာရုံ မမြင်ကြနှင့်”ဟု ဆိုတတ်ကြ၏။ ဗျာဒိတ်ရသူတို့အားလည်း “ငါတို့အား မှန်သောအရာများကို မဟောကြနှင့်။ မြှောက်ပင့်သောစကားများကို ပြောကြပါ။ လှည့်စားသောစကားများကို ဟောကြပါ။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သူများဖြစ်ကြသောကြောင့် လောကနှင့်စပ်ဆိုင်သောအရာကို ပြောဆိုတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့ကိုနားထောင်တတ်ကြ၏။