တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောသူ၏စကားကို မှားယွင်းချွတ်ချော်စေတတ်၏။
သုတ္တံကျမ်း။ 17:23 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူသည် တရားမျှတခြင်းလမ်းစဉ်တို့ကိုဖျက်ရန် တံစိုးလက်ဆောင်ကို လျှို့ဝှက်စွာယူတတ်၏။ Common Language Bible မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။ Garrad Bible လူ ဆိုး သည် တ ရား လမ်း ကို မှောက် လှန် ရန်၊ ရင် ခွင် မှ တံ စိုး ကို ခံ ယူ တတ် ၏။ Judson Bible မတရားသောသူသည် တရားလမ်းကိုဖျက်သော အဖိုးတံစိုးကို သူတစ်ပါး၏ခါးပိုက်အိတ်ထဲက နှိုက်ယူတတ်၏။ |
တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောသူ၏စကားကို မှားယွင်းချွတ်ချော်စေတတ်၏။
တံစိုးလက်ဆောင်သည် ပေးသူ၏အမြင်တွင် တင့်တယ်သောကျောက်မျက်ဖြစ်၍ မျက်နှာမူရာအရပ်ရပ်၌ အောင်မြင်တတ်၏။
လူနှင့်ပါလာသောလက်ဆောင်သည် သူ့ကိုလမ်းဖွင့်ပေး၍ ကြီးမြတ်သောသူတို့၏ရှေ့မှောက်သို့ သူ့ကိုပို့ဆောင်ပေးတတ်၏။
တိတ်တဆိတ်ပေးသောလက်ဆောင်သည် အမျက်ကိုလည်းကောင်း၊ လျှို့ဝှက်စွာပေးသောတံစိုးလက်ဆောင်သည် ပြင်းထန်သောအမျက်ဒေါသကိုလည်းကောင်း ပြေစေတတ်၏။
အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်ခြင်းသည် ပညာရှိသောသူကို ရူးမိုက်စေတတ်၍ တံစိုးလက်ဆောင်သည် စိတ်နှလုံးကို ပျက်စီးစေတတ်၏။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
ထိုသူတို့သည် တံစိုးလက်ဆောင်ကြောင့် ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုစီရင်၍ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဖယ်ရှားတတ်ကြ၏။
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
မြို့၌ရှိသောအကြီးအကဲတို့သည်လည်း သားကောင်ကိုကိုက်ဖဲ့သောဝံပုလွေကဲ့သို့ လူကို သတ်ဖြတ်ဖျက်ဆီးကြ၍ ဥစ္စာပစ္စည်းတို့ကို လုယူကြ၏။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
အို ယာကုပ်အကြီးအမှူးတို့နှင့် အစ္စရေးအုပ်ချုပ်သူတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတမှုကိုစက်ဆုပ်ရွံရှာ၍ ဖြောင့်မှန်သောအမှုရှိသမျှကို ကွေ့ကောက်စေကြ၏။
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။
သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။
သို့သော် သူ့သားတို့သည် သူလျှောက်သောလမ်းအတိုင်း မလိုက်ကြ။ မတရားအကျိုးစီးပွားကိုရှာကြ၏။ တံစိုးလက်ဆောင်ကို ခံယူကြ၏။ တရားမျှတမှုကို လွှဲရှောင်ကြ၏။