ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိလူမျိုးဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်ပြုလေ၏။
သုတ္တံကျမ်း။ 17:21 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသားကိုရသောသူ၌ ပူဆွေးခြင်းရှိ၏။ မိုက်မဲသောသူ၏ဖခင်၌လည်း ဝမ်းမြောက်ခြင်းမရှိ။ Common Language Bible မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။ Garrad Bible မိုက် မဲ သော သား ကို ရ သော သူ သည်၊ ကိုယ် ကို ဝမ်း နည်း စေ တတ်၏။ လူ ဗာ လ၏ အ ဘ၌ လည်း၊ ရွှင် လန်း ရာ အ ကြောင်း မ ရှိ။ Judson Bible မိုက်သောသူကို ဖြစ်ပွားစေသောသူသည် မိမိကိုယ်မိမိ ဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်း မရှိ။ |
ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိလူမျိုးဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်ပြုလေ၏။
ထိုအခါ ရှင်ဘုရင်သည် တုန်လှုပ်လျက်၊ မြို့တံခါးအထက်ခန်းသို့ တက်သွားပြီးလျှင် လမ်းလျှောက်ရင်း ငိုကြွေးလျက် “အို ငါ့သား၊ ငါ့သား အဗရှလုံ၊ ငါ့သား အဗရှလုံ၊ အဘယ်ကြောင့် သင့်အစား ငါမသေရသနည်း။ အို ငါ့သား၊ ငါ့သား အဗရှလုံ”ဟု မြည်တမ်းလေ၏။
ရှောလမုန်၏သုတ္တံစကားများ။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေ၏။ မိုက်မဲသောသားမူကား သူ၏မိခင်အတွက် ပူဆွေးစရာဖြစ်၏။
ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေတတ်၏။ မိုက်မဲသောသားမူကား မိမိ၏မိခင်ကိုမထီမဲ့မြင်ပြုတတ်၏။
မိုက်မဲသောသားသည် သူ၏ဖခင်အတွက် ပူဆွေးစရာဖြစ်၍ သူ့ကိုမွေးဖွားသောသူအတွက် ခါးသီးစရာဖြစ်၏။
မိုက်မဲသောသားသည် သူ့ဖခင်အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။ ငြင်းခုံရန်တွေ့တတ်သောမယားသည်လည်း အဆက်မပြတ် တစက်စက်ယိုကျသောမိုးရေနှင့်တူ၏။
ငါလာသောအခါ ငါ့ကိုဝမ်းမြောက်စေရမည့်သူများသည် ငါ့ကိုဝမ်းနည်းစေမည်စိုး၍ ဤအကြောင်းအရာကို ငါရေးလိုက်ခြင်းဖြစ်၏။ ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့ရှိသမျှ၏ဝမ်းမြောက်ခြင်းဖြစ်သည်ဟု သင်တို့အားလုံးနှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချလျက်ရှိ၏။
ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။
သို့သော် သူ့သားတို့သည် သူလျှောက်သောလမ်းအတိုင်း မလိုက်ကြ။ မတရားအကျိုးစီးပွားကိုရှာကြ၏။ တံစိုးလက်ဆောင်ကို ခံယူကြ၏။ တရားမျှတမှုကို လွှဲရှောင်ကြ၏။