သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
သုတ္တံကျမ်း။ 17:13 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် ကောင်းမှုကို မကောင်းမှုဖြင့်တုံ့ပြန်လျှင် မကောင်းမှုသည် သူ့အိမ်မှ ထွက်ခွာလိမ့်မည်မဟုတ်။ Common Language Bible အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။ Garrad Bible အ ကြင် သူ သည်၊ အ ကောင်း အ စား အ ဆိုး ဆပ် ပေး အံ့။ ထို သူ၏ အိမ် သည်၊ အ ဆိုး နှင့် မ ကင်း လွတ် လ တ္တံ့။ Judson Bible အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသောအမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသောအမှုနှင့် မကင်းမလွတ်ရ။ |
သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်သည် ငါ့ကို အမျက်ထွက်စေသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောကြောင့် သင့်အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်နှင့် အဟိယ၏သားဗာရှာ၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်’ဟု မိန့်တော်မူပြီ။
သူတို့သည် ငါ့အား အကောင်းကိုအဆိုးဖြင့်တုံ့ပြန်၍ ငါ၏စိတ်ဝိညာဉ်ကို အထီးကျန်ညှိုးငယ်စေကြ၏။
အကျွန်ုပ်သည် ကောင်းမြတ်သောအရာကို လက်ကိုင်ပြုသောကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်သောသူတို့သည် အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲကြပါ၏။
ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
ထိုအခါ သူသည် ထိုငွေကို ဗိမာန်တော်ထဲ၌ပစ်ချပြီး ထွက်သွားလေ၏။ ထို့နောက် အခြားသို့သွား၍ ကြိုးဆွဲချသေလေ၏။
မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့၌ တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြလော့။
မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရမည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသည်ဖြစ်၍ အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ဘဲ ကောင်းချီးကိုသာပေးကြလော့။
ထို့နောက် ယောနသန်သည် ခမည်းတော်ရှောလုမင်းကြီးအား ဒါဝိဒ်၏ကောင်းကြောင်းကို ပြောပြလျက် “အရှင်မင်းကြီး၊ အရှင်၏အမှုထမ်းဒါဝိဒ်ကို မပြစ်မှားပါနှင့်။ သူသည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သူလုပ်ဆောင်သမျှသည် အရှင့်အဖို့ အကျိုးကြီးလှပါ၏။
ထို့နောက် ဒါဝိဒ်အား “သင်သည် ငါ့ထက် သာ၍ဖြောင့်မတ်ပါ၏။ ငါသည် သင့်ကို မကောင်းကြံခဲ့သော်လည်း သင်မူကား ငါ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီ။
ဒါဝိဒ်က “တောထဲတွင် ဤသူပိုင်သောဥစ္စာရှိသမျှ တစ်စုံတစ်ရာမျှ မပျောက်ရှအောင် ငါစောင့်ရှောက်ပေးခဲ့သည်မှာ အချည်းနှီးဖြစ်၏။ သူသည် ငါ့အား အကောင်းကို အဆိုးနှင့် တုံ့ပြန်ခဲ့ပြီ။