ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
သုတ္တံကျမ်း။ 16:7 - မြန်မာ့စံမီသမ္မာကျမ်း လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။ Common Language Bible လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။ Garrad Bible လူ့ အ လေ့ အ လာ များ ကို၊ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ လျှင်၊ ရန် သူ တို့ ကို ပင်၊ ထို သူ နှင့် သင့် တင့် စေ တော် မူ ၏။ Judson Bible လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့် သင့်တင့်စေတော်မူ၏။ |
ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
ဧသောသည် ပြေးလာ၍သူနှင့်တွေ့ဆုံပြီး သူ့ကိုပွေ့ဖက်လျက်၊ လည်ချင်းယှက်လျက် နမ်းလေ၏။ ထို့နောက် သူတို့သည် ငိုကြွေးကြ၏။
ယုဒပြည်ဝန်းကျင်ရှိတိုင်းနိုင်ငံရှိသမျှတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသောကြောင့် ယောရှဖတ်မင်းကြီးကို စစ်မတိုက်ဝံ့ကြချေ။
ယောရှဖတ်မင်းကြီး၏နိုင်ငံတော်ဝန်းကျင်အရပ်ရပ်တို့၌ သူ၏ဘုရားသခင်သည် ငြိမ်းချမ်းခြင်းကို ပေးတော်မူသဖြင့် နိုင်ငံတော်အေးချမ်းသာယာလျက်ရှိ၏။
ရှင်ဘုရင်၏အမိန့်စာကိုလည်း ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရင်ခံနှင့် အုပ်ချုပ်ရေးအရာရှိများထံ ပေးလိုက်ရာ သူတို့ကလည်း ဘုရားသခင်၏အိမ်တော်နှင့် လူမျိုးတော်ကို ကူညီပံ့ပိုးပေးကြ၏။
ထာဝရဘုရားသည် ထိုအမှုကို နွားတည်းဟူသော ချိုနှင့်ခွာများဖြင့်ပြည့်စုံသောနွားထီးထက် နှစ်သက်တော်မူလိမ့်မည်။
ငါသည် ဤလူမျိုးကို အီဂျစ်လူမျိုးတို့၏ရှေ့တွင် မျက်နှာရစေသဖြင့် သင်တို့ထွက်သွားသောအခါ လက်ချည်းသက်သက်မထွက်သွားရ။
တရားသဖြင့်ရသော အမြတ်အစွန်းအနည်းငယ်သည် မတရားသဖြင့်ရသော အမြတ်အစွန်းများစွာထက် ပို၍ကောင်း၏။
ဉာဏ်ပညာ၏လမ်းများသည် နှစ်လိုဖွယ်သောလမ်းများဖြစ်ကြပြီး ၎င်း၏လမ်းခရီးရှိသမျှတို့သည် ငြိမ်းချမ်းကြ၏။
ထာဝရဘုရားက “အကယ်စင်စစ် သင်၏ကောင်းကျိုးချမ်းသာအတွက် သင့်ကို ငါကယ်တင်မည်။ ဘေးရောက်ချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ရန်သူတို့က သင့်ကို တောင်းပန်လာစေရမည်။
“ယေရမိကို ခေါ်ထုတ်၍ ကောင်းမွန်စွာကြည့်ရှုလော့။ သူ့ကို အန္တရာယ်မပြုနှင့်။ သူပြောသည့်အတိုင်း ပြုပေးလော့”ဟု မိန့်မှာလေ၏။
ငါသည် သင်တို့အား သနားစုံမက်မည်။ သို့ဖြစ်၍ ထိုဘုရင်သည် သင်တို့ကို သနားစုံမက်၍ သင်တို့နေရင်းပြည်သို့ သင်တို့ကို ပြန်လာစေမည်’ဟု မိန့်တော်မူပြီ။
နန်းတော်အုပ်သည် ဒံယေလအား ကျေးဇူးပြုလိုသောစိတ်၊ သနားလိုသောစိတ်ရှိအောင် ဘုရားသခင်ပြုပေးတော်မူ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။
ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။
သားသမီးတို့၊ အရာရာ၌ မိဘစကားကိုနားထောင်ကြလော့။ အကြောင်းမူကား ဤအရာသည် သခင်ဘုရားနှစ်သက်တော်မူသောအရာဖြစ်၏။
ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
သင်တို့သည် ကောင်းသောအမှု၌ စိတ်အားထက်သန်လျှင် မည်သူသည် သင်တို့ကို အန္တရာယ်ပြုမည်နည်း။
တောင်းလျှောက်သမျှတို့ကို ဘုရားသခင်ထံမှရကြ၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း၍ ရှေ့တော်၌ နှစ်သက်တော်မူသောအရာများကို ပြုကြသောကြောင့်ဖြစ်၏။