အကယ်စင်စစ် အချည်းနှီးသောစကားကို ဘုရားသခင် နားထောင်တော်မူမည်မဟုတ်။ အနန္တတန်ခိုးရှင် အာရုံစိုက်တော်မူမည်မဟုတ်။
သုတ္တံကျမ်း။ 15:29 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့နှင့် ဝေးကွာတော်မူ၏။ ဖြောင့်မတ်သောသူတို့၏ဆုတောင်းချက်ကိုကား နားညောင်းတော်မူ၏။ Common Language Bible ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည်၊ လူ ဆိုး တို့ နှင့် ဝေး ကွာ တော် မူ၏။ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ ကို ကား၊ နား ညောင်း တော် မူ၏။ Judson Bible ထာဝရဘုရားသည် မတရားသောသူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ပတ္ထနာစကားကိုကား နားထောင်တော်မူ၏။ |
အကယ်စင်စစ် အချည်းနှီးသောစကားကို ဘုရားသခင် နားထောင်တော်မူမည်မဟုတ်။ အနန္တတန်ခိုးရှင် အာရုံစိုက်တော်မူမည်မဟုတ်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝေး၌ရပ်နေတော်မူသနည်း။ ဘေးဒုက္ခရောက်ချိန်၌ အဘယ်ကြောင့် ပုန်းကွယ်၍နေတော်မူသနည်း။
အကယ်စင်စစ် ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ ဘဝင်မြင့်သောသူတို့ကိုကား အဝေးကပင် သိတော်မူ၏။
သူတို့အော်ဟစ်သော်လည်း ကယ်တင်မည့်သူမရှိပါ။ ထာဝရဘုရားထံ အကူအညီအော်ဟစ်တောင်းခံကြသော်လည်း သူတို့ကို ထူးတော်မမူပါ။
အကယ်စင်စစ် ကိုယ်တော်နှင့်ဝေးကွာသောသူတို့သည် ပျက်စီးကြရလိမ့်မည်။ ကိုယ်တော်အပေါ်သစ္စာမရှိ၊ ဖောက်ပြန်မှားယွင်းသောသူရှိသမျှတို့ကို ကိုယ်တော်သည် ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
သူတို့သည် ငါ့ကိုခေါ်ကြလိမ့်မည်။ သို့သော် ငါသည် ထူးမည်မဟုတ်။ သူတို့သည် ငါ့ကိုကြိုးစား၍ရှာကြလိမ့်မည်။ သို့သော် ငါ့ကိုတွေ့ရကြမည်မဟုတ်။
မျက်စိအလင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း အရိုးကိုကျန်းမာစေတတ်၏။
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
သင်တို့၏ဒုစရိုက်များကသာ သင်တို့ကို ဘုရားသခင်နှင့် ကွဲကွာစေ၏။ သင်တို့အပြစ်များကသာ မျက်နှာတော်ကို သင်တို့ထံမှလွှဲစေ၍ သင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏။
ထိုအခါ ဤသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ သွားကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် အပြစ်သားတို့ကိုနားညောင်းတော်မမူ။ သို့သော် မည်သူမဆို ဘုရားသခင်ကိုရိုသေလေးမြတ်၍ အလိုတော်ကိုဆောင်ရွက်လျှင် ထိုသူကိုဘုရားသခင်နားညောင်းတော်မူကြောင်း အကျွန်ုပ်တို့သိကြပါ၏။
အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၍ သူတို့၏ဆုတောင်းသံကိုနားညောင်းတော်မူ၏။ သို့သော် မကောင်းသောအမှုကိုပြုသောသူတို့ထံမှ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။