အာဟပ်မင်းကြီးသည် ဧလိယကို တွေ့သည်နှင့် အာဟပ်မင်းကြီးက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ သင်မဟုတ်လော”ဟု မေးလျှင်
သုတ္တံကျမ်း။ 15:10 - မြန်မာ့စံမီသမ္မာကျမ်း လမ်းမှန်ကိုစွန့်ပယ်သောသူအတွက် ပြင်းထန်သောဆုံးမပဲ့ပြင်ခြင်းရှိ၏။ ဆိုဆုံးမစကားကိုမုန်းသောသူသည် သေရလိမ့်မည်။ Common Language Bible လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည်။ Garrad Bible လမ်း လွဲ သော သူ သည်၊ ပြင်း ထန် သော ဆုံး မ ခြင်း ကို ခံ ရ မည်။ ပဲ့ ပြင် ခြင်း ကို မုန်း ထား သော သူ လည်း၊ သေ ဆုံး ရ မည်။ Judson Bible လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကိုမုန်းသောသူသည် သေရမည်။ |
အာဟပ်မင်းကြီးသည် ဧလိယကို တွေ့သည်နှင့် အာဟပ်မင်းကြီးက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ သင်မဟုတ်လော”ဟု မေးလျှင်
ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
အကြောင်းမှာ သူတို့သည် ကိုယ်တော့်နောက်လိုက်ရာမှ ပြန်လှည့်သွားကြ၏။ နည်းလမ်းတော်များကို အလေးမထားကြ။
အကြောင်းမူကား သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၏။ ငါ၏စကားတို့ကို သင့်နောက်၌သာ ပစ်ထား၏။
သင်တို့သည် ငါပေးသောအကြံဉာဏ်အားလုံးကို လျစ်လျူရှုကြပြီး ငါ၏ဆိုဆုံးမခြင်းကိုလည်း အလိုမရှိကြ။
ငါ၏အကြံဉာဏ်ကိုအလိုမရှိကြ။ ငါ၏ဆိုဆုံးမစကားအားလုံးကိုလည်း မထီလေးစားပြုခဲ့ကြ၏။
ဆုံးမပဲ့ပြင်ခြင်းကို စောင့်ထိန်းသောသူသည် အသက်ရှင်ခြင်းလမ်း၌ရှိ၏။ ဆိုဆုံးမစကားကိုငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
ပညာရှိသောသားသည် ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်တတ်၏။ ပြက်ရယ်ပြုသောသားမူကား ဆုံးမစကားကို နားမထောင်တတ်။
မရဏာနိုင်ငံနှင့် ပျက်စီးခြင်းနိုင်ငံသည် ထာဝရဘုရား၏ရှေ့တော်၌ ထင်ရှားလျက်ရှိ၏။ ထို့ထက်မက လူသားတို့၏စိတ်နှလုံးသည် ပို၍ပင်ထင်ရှားလျက်ရှိ၏။
ဆိုးယုတ်သောသူ၏လမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်းကိုလက်ကိုင်ပြုသောသူကိုကား ကိုယ်တော်ချစ်တော်မူ၏။
“သူတို့သည် ငါ့ကိုရိုက်ကြသော်လည်း ငါမနာ။ ငါ့ကိုထုရိုက်ကြသော်လည်း ငါမသိ။ မည်သည့်အချိန်မှ ငါနိုးမည်နည်း။ နောက်ထပ်သောက်ရန် ငါရှာဦးမည်”ဟု သင်ပြောဆိုလိမ့်မည်။
“ငါသည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၍ ငါ၏စိတ်နှလုံးသည် ဆိုဆုံးမစကားကို မထီလေးစားပြုခဲ့၏။
သင့်ကို လမ်းခရီး၌ ပို့ဆောင်ခဲ့စဉ်က သင်၏ဘုရားသခင်ထာဝရဘုရားကို သင်စွန့်ပယ်သောကြောင့် သင်၌ ဤသို့ ဖြစ်ရသည်မဟုတ်လော။
အကယ်၍ ဆိုးယုတ်သောသူအား ဆိုးယုတ်သောလမ်းမှပြန်လှည့်စေရန် သင်သတိပေးသော်လည်း သူသည် ပြန်မလှည့်ဘဲနေလျှင် သူ့အပြစ်ကြောင့် သူသေရမည်။ သင်မူကား အသက်ချမ်းသာရာရမည်။
ဆိုးညစ်သောအမှုများကို ပြုကျင့်သောသူတိုင်း အလင်းကိုမုန်းလျက် မိမိပြုသောအမှုများ ဖော်ပြခြင်းခံရမည်ကိုစိုးရိမ်သဖြင့် အလင်းထံသို့မချဉ်းကပ်ကြ။
လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။