သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
သုတ္တံကျမ်း။ 14:24 - မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူတို့၏သရဖူသည် သူတို့၏ဓနဥစ္စာဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား မိုက်မဲမှုဖြစ်၏။ Common Language Bible ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏ မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။ Garrad Bible ပ ညာ ရှိ တို့၏ စီး ပွား ချမ်း သာ သည်၊ သ ရ ဖူ သ ဖွယ် ဖြစ်၏။ လူ ဗာ လ တို့၏ မိုက် မဲ ခြင်း မူ ကား၊ အ မိုက် မျှ သာ ဖြစ်၏။ Judson Bible ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။ |
သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။
လူ၏ဓနဥစ္စာသည် သူ့အသက်ကိုပြန်ရွေးသော အဖိုးအခဖြစ်၏။ ဆင်းရဲသောသူမူကား မည်သည့်ခြိမ်းခြောက်သံကိုမျှ မကြားရပေ။
ခက်ခဲပင်ပန်းသောအလုပ်ရှိသမျှတို့၌ အကျိုးအမြတ်ရှိ၏။ အပြောသက်သက်မူကား ချို့တဲ့နွမ်းပါးခြင်းကိုသာဖြစ်စေ၏။
ပညာရှိသောသူ၏အိမ်၌ နှစ်လိုဖွယ်ကောင်းသောဥစ္စာဘဏ္ဍာနှင့် ဆီရှိ၏။ မိုက်မဲသောသူကား ထိုအရာတို့ကို သုံးဖြုန်းတတ်၏။
ဆိုးမိုက်သောသူကို ဂျုံစေ့နှင့်အတူ ဆုံထဲထည့်၍ ကျည်ပွေ့နှင့်ထောင်းသော်လည်း သူ၏မိုက်မဲမှုသည် သူ့ထံမှဖယ်ခွာလိမ့်မည်မဟုတ်။
ကိုယ်တော်သည် သင်အသက်ရှင်သည့်ကာလတွင် တည်ငြိမ်ခြင်း၊ ကယ်တင်ခြင်းစည်းစိမ်၊ ဉာဏ်ပညာ၊ အသိပညာဖြစ်တော်မူမည်။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
တစ်ဖန် သင်တို့အား ငါဆိုမည်။ မတရားမှုမကင်းသောလောကီစည်းစိမ်အားဖြင့် မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များကုန်ဆုံးသောအခါ သူတို့သည် သင်တို့ကို ထာဝရနေထိုင်ရာအရပ်၌လက်ခံကြလိမ့်မည်။