သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။ ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။
သုတ္တံကျမ်း။ 13:14 - မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူ၏သွန်သင်ချက်သည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှဖယ်ခွာစေတတ်၏။ Common Language Bible ပညာရှိသောသူ၏တရားသည် အသေခံရာ ကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏။ Garrad Bible ပ ညာ ရှိ ဩ ဝါ ဒ တ ရား သည်၊ သေ မင်း၏ ညွှတ် ကွင်း များ မှ လွှဲ ရှောင် ရန်၊ အ သက် စမ်း ရေ ဖြစ် ၏။ Judson Bible ပညာရှိသောသူ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ |
သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။ ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။
မရဏာကြိုးတို့သည် ငါ့ကို ပတ်စည်းထားပြီး သေမင်းထောင်ချောက်များလည်း ငါ့ကို ဆီးကြိုနေပါ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်စမ်းရေတွင်းဖြစ်၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်တတ်၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှ ဖယ်ခွာစေတတ်၏။
အသက်ရှင်ခြင်းလမ်းသည် ပညာသတိရှိသောသူကို အထက်အရပ်သို့ပို့ဆောင်ပေး၏။ ထိုသို့အားဖြင့် သူသည် အောက်မရဏာနိုင်ငံမှဖယ်ခွာနိုင်မည်ဖြစ်၏။
ဖြောင့်မှန်သောသူတို့၏လမ်းသည် မကောင်းမှုမှဖယ်ခွာခြင်းဖြစ်၏။ မိမိသွားရာလမ်းကို ထိန်းသိမ်းစောင့်ရှောက်သောသူသည် မိမိအသက်ကိုစောင့်ထိန်းသောသူဖြစ်၏။
ဉာဏ်စွမ်းကိုပိုင်ဆိုင်သောသူအတွက် ထိုဉာဏ်စွမ်းသည် အသက်စမ်းရေတွင်းဖြစ်၏။ မိုက်မဲခြင်းမူကား ဆိုးမိုက်သောသူတို့ခံရသော အပြစ်ဒဏ်ဖြစ်၏။
မေတ္တာကရုဏာနှင့်သမ္မာတရားအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရ၍ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအားဖြင့် မကောင်းမှုမှဖယ်ခွာနိုင်၏။
အကြောင်းမူကား ဉာဏ်ပညာအားဖြင့် သင်၏နေ့ရက်တို့သည် များပြား၍ သင့်အသက်တာ၏နှစ်ကာလတို့သည် ထပ်တိုးလာလိမ့်မည်။
သင်၏ဆင်ခြင်တုံတရားရှိမှုအတွက် သင်ကောင်းချီးခံစားရပါစေသော။ ယနေ့မှာ သင်သည် ငါ့ကို လူအသက်သတ်ခြင်းအမှု၊ ကိုယ်တိုင်လက်စားချေခြင်းအမှုမှ ကင်းဝေးစေသောကြောင့် သင်ကောင်းချီးခံစားရပါစေသော။